Wednesday, February 23, 2011

ဂုဏ်တော်ကွန်ချာ

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူအပ်သော “ဂုဏ်တော်ကွန်ချာ”



သော ဘဂ၀ါ ဣတိပိ အရဟံ

အရဟံ ၀တ သော ဘဂ၀ါ

အရဟနံ္တ သရဏံ ဂစ္ဆာမိ

အရဟနံ္တ သီရသာ နမာမိ

ပထမော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ အရဟံ

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ

သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

သမ္မာသမ္ဗုဒ္ဓံ သီရသာ နမာမိ

ဒုတိယော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော

ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ

ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ

ဝိဇ္ဇာစရဏသမ္ပန္နံ သီရသာ နမာမိ

တတိယော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော

သော ဘဂ၀ါ ဣတိပိ သုဂတော

သုဂတော ၀တ သော ဘဂ၀ါ

သုဂတံ သရဏံ ဂစ္ဆာမိ

သုဂတံ သီရသာ နမာမိ

စတုတ္ထော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ သုဂတော

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ

လောက၀ိဒူ ၀တ သော ဘဂ၀ါ

လောက၀ိဒုံ သရဏံ ဂစ္ဆာမိ

လောက၀ိဒုံ သီရသာ နမာမိ

ပဉ္စမော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ

သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂ၀ါ

အနုတ္တရံ ပုရိသ ဓမ္မသာရထိံ သရဏံ ဂစ္ဆာမိ

အနုတ္တရံ ပုရိသ ဓမ္မသာရထိံ သီရသာ နမာမိ

ဆဋ္ဌမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ

သော ဘဂ၀ါ ဣတိပိ သတ္တာ ဒေ၀ မနုဿာနံ

သတ္တာ ဒေ၀ မနုဿာနံ ၀တ သောဘဂ၀ါ

သတ္တာရံ ဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ

သတ္တာရံ ဒေ၀ မနုဿာနံ သီရသာ နမာမိ

သတ္တမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ

သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ

ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓံ သီရသာ နမာမိ

အဋ္ဌမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ

သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ

ဘဂ၀ါ ၀တ သော ဘဂ၀ါ

ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ

ဘဂ၀န္တံ သီရသာ နမာမိ

န၀မော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ

လောက၀ိဒူ ၀တ သော ဘဂ၀ါ

လောက၀ိဒုံ သရဏံ ဂစ္ဆာမိ

လောက၀ိဒုံ သီရသာ နမာမိ

ပဉ္စမော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ

သော ဘဂ၀ါ ဣတိပိ သုဂတော

သုဂတော ၀တ သော ဘဂ၀ါ

သုဂတံ သရဏံ ဂစ္ဆာမိ

သုဂတံ သီရသာ နမာမိ

စတုတ္ထော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ သုဂတော

သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂ၀ါ

အနုတ္တရံ ပုရိသ ဓမ္မသာရထိံ သရဏံ ဂစ္ဆာမိ

အနုတ္တရံ ပုရိသ ဓမ္မသာရထိံ သီရသာ နမာမိ

ဆဋ္ဌမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော

ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ

ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ

ဝိဇ္ဇာစရဏသမ္ပန္နံ သီရသာ နမာမိ

တတိယော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော

သော ဘဂ၀ါ ဣတိပိ သတ္တာ ဒေ၀ မနုဿာနံ

သတ္တာ ဒေ၀ မနုဿာနံ ၀တ သောဘဂ၀ါ

သတ္တာရံ ဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ

သတ္တာရံ ဒေ၀ မနုဿာနံ သီရသာ နမာမိ

သတ္တမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ

သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

သမ္မာသမ္ဗုဒ္ဓံ သီရသာ နမာမိ

ဒုတိယော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ

သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ

ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓံ သီရသာ နမာမိ

အဋ္ဌမော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ

သော ဘဂ၀ါ ဣတိပိ အရဟံ

အရဟံ ၀တ သော ဘဂ၀ါ

အရဟနံ္တ သရဏံ ဂစ္ဆာမိ

အရဟနံ္တ သီရသာ နမာမိ

ပထမော ၀ဇီရပါကာရော

သော ဘဂ၀ါ ဣတိပိ အရဟံ

သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ

ဘဂ၀ါ ၀တ သော ဘဂ၀ါ

ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ

ဘဂ၀န္တံ သီရသာ နမာမိ

န၀မော ၀ဇီရပါကာရော သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ


Sunday, February 20, 2011

TCP/IP part(2)

ဒါကတော့ part (2) ပေါ့

TCP/IP part(1)

networking အကြောင်းကို အသေးစိတ်သင်ကြားရတာမဟုတ်ပေမဲ့ စိတ်ပါဝင်စားမှု့ကြောင့် လေ့လာဖြစ်ပါတယ် ခု movie လေးကိုလည်း ဆရာက လက်ချာချိန်မှာ ပြသခဲ့တာကို သဘောကျပြီး ၇ှာဖွေခဲ့တယ် TCP/IP
အကြောင်းကို၇ှင်းပြထားတာပေါ့

အလွမ်း

 အလွမ်းတချို့ကလည်း ခရီးသွားဟန်လွှဲယောင်ယောင်နဲ့
ငါ့ဧည်ခန်းဆီ ရောက်ရောက်လာတယ်
လုံလုံလောက်လောက်
မရင့်ကျက် နိုင်သေးတဲ့  ငါကတော့
ရံဖန်ရံခါ ထက်ပိုပြီး ....
အိမ်လွမ်းသူသီချင်းကို  ညည်းနေမိဦးမယ် ။

Saturday, February 12, 2011

ပြည်ထောင်စုနေ့

ချစ်လှစွာသော ကလေးလေးရေ ဒီနေ့ဟာ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့ တနည်းအားဖြင့် ယဉ်ကျေးလွန်းလှပါတယ်ဆိုတဲ့သူတို့ကိုသူတို့ gentleman လို့ ဂုဏ်ယူတတ်ကြတဲ့ နယ်ချဲ့ အင်္ဂလိပ်တွေရဲ့
မြန်မာနိုင်ငံရှိ တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးခြင်းပျက်ပြားအောင် သပ်လျှိုသွေးခွဲမှု့တွေ  အိမ်ကြက်ခြင်း အိုးမည်းသုတ်မှု့တွေ ကိုတရားဝင် အဆုံးသတ်စေခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုခဲ့တာ ၆၄ နှစ်မြောက်ပြည့်ခဲ့တဲ့နေ့ပေါ့ ။ အဲ့ဒီနေ့က ဗိုယ်ချုပ်အောင်ဆန်းနှင့်အတူ တောင်တန်းဒေသမှ ချင်းတိုင်းရင်းသားခေါင်းဆောင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ တညီတညွတ်တည်း တောင်တန်းဒေသ နှင် ပြည်မ ကြီး ပေါင်းစည်းစွာ လက်မှတ်ရေးထိုးခဲ့ကြတာပေါ့ ။ ရှမ်းပြည် ပင်လုံမြိ့မှာ အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့လို့ ပင်လုံစာချုပ်လို့အမည်တွင်ခဲ့တယ် ။
       Divide and rule ကိုကျင့်သုံးခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်တွေဟာ ကမ္ဘာပေါ်မှာတော့ အုပ်ချုပ်မှု့စနစ် ကို တည်ထောင်ရာမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုကြတယ် ယနေ့ ကမ္ဘာ့ပုလိပ်ကြီး လို့ပြောတဲ့ အမေရိကန် တောင် စစ်တပ်ဖွဲ့စည်းပုံ နိုင်ငံအစိုးရတွေ ဌာန တွေ ဖွဲ့စည်းရာမှာ အင်္ဂလိပ်တွေရဲ့ နည်းစနစ်တွေကို အတုယူထားရတဲထိ အင်္ဂလိပ်တွေဟာ  တော်တယ်လို့ ဆိုရပါလိမ့်မယ်။
ဒါပေမဲ့ တော်သလောက်ညဏ်များလှတဲ့ သူတို့ဟာ အကိုတို့ နိုင်ငံကိုလည်း ရည်ရွယ်ချက်ရှိရှိ ကို အကွက်တကျ သွေးခွဲခဲ့ပါတော့တယ်။သူတို့ အုပ်ချုပ်နေစဉ်ကာလအတွင်း
ကရင်လက်နက်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း စသဖြင့် သီးခြားဖွဲ့စည်းပြီးအခွင့်အရေးတွေတူညီစွာမရအောင် ဖန်တီးပေးခဲ့တယ် ရလာဒ်ကတော့ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတွေ တောခို လက်နက်ကိုင်သွားခဲ့ကြတယ်လေ။ ဗိုယ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် ခေါင်းဆောင်တွေကိုလုပ်ကြံ ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဦးစောဟာ သူတို့ရဲ့စကားပရိယာယ်ကို ကောင်းစွာမမြင်နိုင်ခဲ့ဘူး အဆုံးမတော့ အမဲစက်ကြီးကျန်ခဲ့တော့တယ် ။
        ခုထိလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်ထောင်စုကြီးအကြား ငြိမ်းချမ်းရေးတွေပျက်ပြားနေတုန်းပေါ့
ကိုတို့ သေချာသင်ခဲ့ရဖူးတယ် နိုင်ငံရေးသိပ်ပံ ဘာသာရပ်တွေပေါ့ နိုင်ငံတနိုင်ငံက တခြားနိုင်ငံ တခုကို ဘယ်လိုနည်းလမ်းတွေ သုံးပြီးကျူးကျော်တတ်လည်း ဆိုတာ 
မြန်မာနိုင်ငံဟာ အမှန်ဆုံးပြောရရင် မျက်စိကျလောက်စရာနိုင်ငံတခုပေါ့ မြေပေါ်မြေအောက် သယံဇာတတွေ ယနေ့ကမ္ဘာ နိုင်ငံတော်တော် များများလိုချင်တပ်မက်နေရတဲ့ သဘာဝဓာတ်ငွေ့ တွေ
နူကလီးယားလုပ်ရာမှာ မရှိမဖြစ် တဲ့ ယူရေနီယံတွေ လေယာဉ်တွေကိုတည်ဆောက်ရတဲ့ အခြေခံသတ္ထု တိုက်တေနီယမ်တွေ  သံမဏိတွေ ။ ပြောပြလို့ မကုန်နိုင်အောင် အရင်းအမြစ်တွေ ပေါကြွယ်လှတယ်
အဲ့ဒီလိုပဲ တိုင်းရင်းသားလူမျိုးတွေကလည်းများမြောင်လှတယ် အထူးသဖြင့် တောင်ပေါ်ဒေသ လို့ဆိုရမဲ့ တိုင်းရင်းသားတွေဟာ ကမ္ဘာ နိုင်ငံတွေရဲဖြစ်နေပျက်နေမှု့ကိုမသိရှိ မကြားမြင် ကြဘူး . သူတို့ဟာ သိပ်ပြီးရိုးသားကြတယ် သူတော်ကောင်းတွေသာကြီးစိုးတဲ့ သာသနာထွန်းကားရာကာလမဟုတ်တော့ သူတို့ရဲ့ ရိုးသားမှု့ဟာ နယ်ချဲ့ မိစ္ဆာ ဘာသာမှားတွေရဲ့ သွေးခွဲစရာအချက်ကောင်း ဖြစ်သွားတော့တာပေါ့
ဒါကို နိုင်ငံ ခေါင်းဆောင် တွေကလည်း မြင်တတ်ရမယ် တိုင်းရင်းသားအားလုံးကလည်းမြင်တတ်ရမယ်. ပြီးတော့ တိုင်းရင်းသားတွေနဲ့ နိုင်ငံတော် အစိုးရကြားချစ်ကြည်နားလည်မှု့တွေ တည်ဆောက်နိုင်ရမယ်
မလွယ်လှဘူးလို့ ပြောကြမယ်  ဂုဏ်သတ္တိ တူညီတဲ့ အရာ နှစ်ခုဟာ ဓာတ်ပြုကြပါတယ် အဲ့လိုပဲ အားလုံးစိတ်ထဲမှာ ငါ့လူမျိုးပဲ ဆိုတဲ့ အတွေးရယ် ငါတို အနှိမ်ခံ၇တယ်ဆိုတဲ့ အတွေးတွေရယ် မထားသင့်ဘူး
အကိုတို့ နိုင်ငံမှာ လူမျိးကြီး လူမျိုးငယ်ဆိုပြီး ခွဲခြားတာ မရှိပါဘူး တပ်မတော်ထဲမှာလည်း အရာရှိတွေရော အခြားအဆင့်တွေမှာပါ တိုင်းရင်းသားတွေအမြောက်အများပါပဲ  ရွေးချယ်ခေါ်ယူရာမှာလည်း
လူမျိးခွဲခြားမှု့တွေမရှိပါဘူး (ဘာသာနဲ့ပတ်သက်ပြီးတော့ ကန့်သတ်မှု့ဆိုတာလည်းအနည်းငယ်ပဲရှိတာပေါ့) အကို ဗိုလ်သင်တန်းတက်တုန်းက အကိုတို့ တပ်ခွဲက နောင်တော်တယောက်ဆို ဘုရားစင်ရှိရာ ခြေလှည့်အိပ်တယ် ၀က်သားမစားဘူး ဘာသာခြားတယောက်ပေါ့ . အကိုတို့ မိခင်တပ်က ယခင်တပ်ရင်းမှုးဆိုလည်း ဘာသာခြားကြီးတယောက်ပေါ့
အဆုံးသတ်ပြောရရင် ဟိုးဘုရားရှင်လက်ထပ်က နိုင်ငံ သေးသေးလေးဖြစ်တဲ့ စပ်တပ်အနည်းငယ်သာရှိတဲ့ လိစ္ဆ၀ီ မင်း တွေ စည်းလုံးညီညွတ်တော့ အခြားအင်အားကြီးတိုင်းပြည်တွေ မထိပါးမစော်ကားရဲကြဘူးလေ ရွှေဟသာင်္တွေ စည်းလုံးမှု့ပျက်ပြီး ဇာတ်တူုသားစားလို့ ဟသာင်္ကိုးသောင်းဟာ တကောင်တည်းသော ပင့်ကူကြီးရဲ ဖမ်းယူစားသောက်ခြင်းကို ခံရတယ်လေ
အကိုတို့ တွေလည်း မေတ္တာရယ် နားလည်မှု့ရယ်  ခုလို ပြည်ထောင်စုကြီးတည်တံ့နေတာကို ဆက်လက်ထိန်းသိမ်းသင့်တာပေါ့ မဟုတ်ဖူးလာ
အကိုက စစ်သားတယောက်မို့ ပြောတယ် ထင်နေမယ် အကို့ ရင်ထဲမှာ သာမန်ပြည်သားတယောက်လို ဖြစ်ချင်ခဲ့တာပါ ဒါပေမဲ့ တပ်မတော်သားတယောက် ဆိုရင်လည်း တိုင်းပြည်အတွက် ပြည်သူအတွက်
ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် ကြိုးစားသွားမယ်
  ဒီအတွေးဟာ ရေမြေခြားကိုရောက်ပြီး ခနခန မြင်တွေ့နေရတဲ့ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့အစည်းအချို့ရဲ မှန်ကန်တဲ့ ရပ်တည်မှု့တွေ မှားယွင်းသောထင်မြင်မှု့တွေ မှားမှန်းသိသိနဲ့ ကိုယ်ကျိုးကြည့်မှု့တွေ အချို့ က အမှန်တရားအတွက် ကိုယ်ကျိုးစွန့်မှု့တွေ အဲ့ဒီလို မတူညီမှု့တွေ ရှိကြတယ် သူတို့မှာ တချို့ကတော့ ၀မ်းရေးအတွ့က် ရုန်းကန်ကြရတာပေါ့
အကို လည်း အားနာမိတယ် တခါတခါ အကိုတို့ သက်သောင့်သက်သာ စွာ စာသင်နေချိန်မှာ တခြားနေရာတခုမှာ အကိုတို့ သွေးသောက် တိုင်းရင်းသားတွေကတော့တခြားတပါးသောနိုင်ငံ တွေမှာ ရုန်းကန်နေကြရတယ်
တနေ့ပေါ့လေ တနေ့ပေါ့
အကှိုစေတနာ တွေမှန်ရင် တိုင်းပြည်လည်း မြန်မာပြည်လည်း အကိုရင်ထဲကအတိုင်းငြိမ်းချမ်းသာယာ ပြီး ဗြဟ္မစိုရ် တရားတွေပွားများသော ပြည်သူရယ် မင်းကျင့်တရားနဲ့ ညီညွှတ်တဲ့ ခေါင်းဆောင်တွေရယ် နဲ့ (ကမ်းနဲ့လှေတွေ့ဆုံသလို) ဆုံကြမယ်ပေါ့  ။။။
......................ချစ်ခြင်းများစွာဖြင့် ...................

Saturday, February 5, 2011

ကောသလအိပ်မက်(၁၆)ချက်

 ကောသလအိမ်မက် ၁၆-ချက်ချက်ဟု လူသိများသော ဗုဒ္ဓဝါဒကျမ်းလာ အိပ်မက်နိမိတ်များဖြစ်သည်။

  • (၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
  • (၂) အမေး ။ မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။
  • (၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။
  • (၄) အမေး ။ နွားကြီးမကြိုက်၊ ၀န်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။
  • (၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။
  • (၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
  • (၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။
  • (၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ ။ ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။
  • (၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
  • (၁၀) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
  • (၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
  • (၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။
  • (၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
  • (၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
  • (၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။
  • (၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
မှတ်ချက်။ ။သုတေသနသရုပ်ပြအဘိဓာန်ကျမ်းတွင် ကျမ်းပြုဆရာတော် ဖျာပုံတိုက်သစ်ဆရာတော်က ရှစ်လုံးဖွဲ့မြန်မာကဗျာဖြင့်စီကုံးခဲ့သူ လယ်တီပဏ္ဍိတ ဦးမောင်ကြီး အားဂုဏ်ပြုလျက် ဖေါ်ပြပါသည်။



































  • တေရသကဏ်ဋီကာ၊ ပထမတွဲ။ 

Tuesday, February 1, 2011

ပေါရိသာဒ နှင့် နတ်ချစ် ဂါထာများ Dhammaransi Group

ပေါရိသာဒ နှင့် နတ်ချစ် ဂါထာများ Dhammaransi Group

September 5, 2010 in ကနဦးအစ by winminag
ပေါရိသာဒ နှင့် နတ်ချစ် ဂါထာများ
အို –
လောကစောင့်ကြပ် နတ်များအပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
မြေစောင့်နတ်၊ ရေစောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀လာဟကနတ်၊ ပဇ္ဇုန်နတ် အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော၊
နဂါး ၊ ဂဠုန် ၊ ဂုမ္ဘာန်၊ ယက္ခိုက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
ဝိဇ္ဖာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော ဥပါသကာအပေါင်းတို့၊ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
အလုံးစုံသော အပါယ်( ၄ ) ဘုံသားအပေါင်း၊ လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်းတို့ ဤအရပ်ဋ္ဌာနသို့ တရားနာရန် လာကြပါကုန်လော့၊
အကျွနုပ်သည် ကဿပဘုရားရှင်သည် ဟောကြားထားတော်မူထားအပ်သော တဂါထာလျင် အဖိုးတသိန်းစီ ထိုက်တန်သော အလွန်ကြားနာရခဲလှစွာသော သတသဟဿာရဟ ဂါထာတို့ကို သတ္တ၀ါတို့၏ စီးပွားအလို့ငှါ ချမ်းသာကို ဖြစ်စေခြင်းငှါ ကောင်းမြတ်သော သမ္မာဆန္ဒဖြင့် ရွတ်ဖတ်ပူဇော်ပါအံ့၊ အသင်တို့သည် ဤအရပ်ဋ္ဌာနသို့ လာရောက်ကြကုန်၍ ရိုသေစွာ နာယူကြပါ သူတော်ကောင်းအပေါင်းတို့ – - -
သဟဿာရဟဂါထာတော် နတ်ချစ် ဂါထာတော်
သကိ ဒေ၀ မဟာရာဇ၊ သဗ္ဘိ ( သပ်ဘိ ) ဟောတိ သမာဂမော။
သာ နံ သင်္ဂတိ ( သင်ဂတိ ) ပါလေတိ၊ နာ သဗ္ဘိ ဗဟုသင်္ဂမော။( ဗဟု သင်ဂမော )
မင်းမြတ်. သူတော်ကောင်းတို့ နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံ ရခြင်းသည် မိမိဘ၀အတွက် ဘေးရန် ကင်းရှင်း ချမ်းသာရအောင် တစ်ဘ၀လုံး စောင့်ရှောက်နိုင်ပေ၏။ သူယုတ်မာတို့ နှင့် အကြိမ်ပေါင်းများစွာ ပေါင်းသင်း ရသော်လည်း ဘေးရန်အားလုံး လုံခြုံစိတ်ချရမှု့ မရှိနိုင်ပါ။
သဗ္ဘိ ရေ၀ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထ၀ံ။ ( ကုတ်ဗေထ သန်ထ၀ံ )
သတံ သဒ္ဓမ္မ ( သတ်ဒမ်မ ) မညာယ၊ ( မင်ညာယ ) သေယော ဟောတိ န ပါပိယော။
မင်းမြတ်. ဒီလိုအကြောင်းတွေကြောင့် သူတော်ကောင်းတို့နှင့် သာ ပေါင်းသင်းကာ မိတ်ဆွေဖွဲ့ သင့်တယ်၊ အကျွမ်းတ၀င် ရှိအောင် ပြုသင့်တယ်။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းနေတဲ့အတွက် သူတော်
ကောင်းတရားတွေကို ကြားနာရပြီး ကိုယ်တိုင်လဲ သူတော်ကောင်းဖြစ်နိုင်တယ်၊ ဘယ်တော့မှ ယုတ်မာသောသူ လူမိုက် မဖြစ်နိုင်တော့ဘူး။
ဇီရန္တိ( ဇီ ရန်တိ ) ဝေ ရာဇရထာ သုစိတ္တာ၊( သုစိတ်တာ ) အထော သရီရမ္ပိ ( သရီရမ် ပိ ) ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။
မင်းမြတ်. လှလှပပ အဆန်းတကြယ် ပြုလုပ်စီမံထားတဲ့ မင်းမြတ်ရဲ့ ၇ထားဟာ ဘယ်လောက်ပင် တောင့်တင်း ခိုင်ခံ့သော်လည်း တနေ့မှာတော့ ဆွေးမြေ့ပျက်စီးရမယ့် ဇရာ သဘောတရားကို မလွန်ဆန်နိုင်ဘူး၊ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော သူတော်ကောင်းတရား
ဆိုတာကတော့ ခေတ်ကာလ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက် ကြာညောင်းနေပါစေ၊ ဆွေးမြေ့
ပျက်စီးသွားတယ်၊ အိုမင်းဟောင်းနွမ်းပြီး သုံးမရတော့ဘူးဆိုတာ မရှိနိုင်ပါဘူး။
နဘဉ္စ( နဘင် စ ) ဒူရေ ပထ၀ီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ ( သမုဒ် ဒတ်သ ) တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ၊ သတဉ္စ ( သတဉ် စ ) ဓမ္မော အသတဉ္စ ရာဇ။
မင်းမြတ်. ကောင်းကင် နှင့် မြေပြင်ဟာ ဘယ်လိုမှ ဆက်စပ်လို့ မရအောင် သိပ်ကို ဝေးကွာပါတယ်၊ အဲဒီလိုပဲ မဟာ သမုဒ္ဒရာရဲ့ ဟိုဖက်ကမ်းနဲ့ ဒီမှာ ဘက်ကမ်း ဆိုတာကလဲ ဝေးကွာလွန်းလှတယ်၊ ဒါပေမယ့် သူတော်ကောင်း တရားနှင့် မသူတော်တို့၏ တရားတို့ကတော့ ကောင်းကင်နဲ့ မြေကြီး၊ သမုဒ္ဒရာ ဟိုဖက်ကမ်းနဲ့ ဒီဘက်ကမ်း ထက်ကို ဝေးကွာကြတယ်၊ အရှေ့နဲ့ အနောက်လို ဆန့်ကျင်နေကြတယ်။
ပါဠိ မဖတ်တတ်သူများအတွက် ပါဋ္ဌ်ဆင့်များကို ( ) ဖြင့် ဖော်ပြထားပါသည်။
အထက်ပါ ဂါထာတွေကတော့ တောင်တန်းသာသနာပြု ဆရာတော်၊ တနည်းအားဖြင့် ရေဆူ ဆရာတော်လို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ လက်ခံထားခဲ့ကြတဲ့ ဆရာတော်ကြီး ဦးဥတ္တမသာရ ရဲ့ ဘ၀အတ္ထုပ္ပတ္တိ
အကြောင်းကို ဖတ်မိကတည်းက စာရေးသူလဲ ရွတ်ပွားနေမိတဲ့ ဓမ္မလက်ဆောင်ဂါထာလေးတွေ ပါ။ ဆရာတော်တရားဟောနေစဉ်၊ ပရိတ်ရွတ်နေစဉ်အတွင်း ဆရာတော်ရှေ့တွင် ရှိသော ရေများမှာ ဆူဝေ
လာသောကြောင့် ရေဆူဆရာတော် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။မေတ္တာတရားကြီးမားတော်မူသော ဆရာတော်ကြီးသည် အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရား ဓမ္မများ ကျင့်ကြံ ပွားများ နိုင်ရေး အတွက် မေတ္တာတော် ကြီးမားစွာ သာသနာ ပြုတော် မူခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများသို့ လှည့်လည့်ကြွရောက် သာသနာ ပြုတော် မူခဲ့သည်။
ဆရာတော်ကြီးဟာ ဘ၀တလျောက်လုံး ဒီဂါထာတွေကို အမြဲ ရွတ်ပွား သရဇ္ဈာယ်နေခဲ့တယ် ဆိုတာကို သူ့ရဲ့ ဘ၀အတွေ့အကြုံ စာအုပ်များမှာ ဖတ်မှတ်ကြည်ညိုပြီး သိရှိခဲ့ရပါတယ်၊ကျမ်းစာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့ အထဲမှာ စာရေးသူ အကြိုက်ဆုံးစာအုပ်ကတော့ ချမ်းမြေ့စွာ ဘ၀နေနည်း စာအုပ်ပါပဲ၊ အင်တာနက် စာမျက်နှာများမှာ အဲဒီစာအုပ် ရှိခဲ့လျင်လည်း စာဖတ်သူများကို ဓမ္မဒါနပြုဖို့ အသိပေးဖို့ တောင်းဆိုပါတယ်၊ ဘယ်ဆိုက်မှာ ရနိုင်မလဲ ဆိုတာကို ညွန်းပေးစေချင်တယ်၊
ဆရာတော်ကြီးအသက် ထင်ရှား ရှိစဉ်က
ဂါထာများရဲ့ နောက်ခံသမိုင်း
တကယ်တော့ ဒီဂါထာတွေဟာ အများသိပြီးသားဖြစ်ကြတဲ့အတိုင်း လူသားစား ပေါရိသာဒ ဇာတ်တော်မှာ ဘုရားအလောင်းတော် မဟာသုတသောမမင်းကြီးရဲ့ လည်ချောင်းသွေးနဲ့ ပေါရိသာဒ က ယဇ်ပူဇော်ဖို့ ဖမ်းခေါ်သွားတယ်၊ ဖမ်းမိပြီးကာမှ –
အမောင် ပေါရိသာဒ အမောင်ကို တောင်းဆိုစရာ တခုရှိပါတယ်၊
ပြောပါ – ခွင့်ပြုနိုင်ရင် ပြုပါမယ် -
ဒီနေရာကို မလာခင် ငါ့မှာ ဆန္ဒတခု ရှိခဲ့တယ်၊ ဆရာနန္ဒပုဏ္ဏားဆီကနေ တရားနာယူဖို့အတွက် ခေါင်းဆေးမင်္ဂလာ လုပ်နေဆဲမှာပဲ ဖမ်းခေါ်လာလို့ မနာလိုက်ရသေးဘူး၊ အဲဒီတရားတော်တွေကလဲ တပုဒ် တပုဒ်ကို အသပြာ တစ်ရာ တန်တယ် လို့ ကြားသိခဲ့ရတယ်၊ အမောင် ခွင့်ပြုမယ် ဆိုရင် တရားတော်ကို နာယူပြီးမှ ငါ့ကို သတ်ပါတော့လား၊ အခုတော့ ငါ့တိုင်းပြည်ကို ပြန်ပြီး တရားနာယူပါရစေအုံး –
ဟုတ်ရဲ့လား – မင်းကြီး၊ သေရမှာ ကြောက်လို့ ဥပါယ်တံမျဉ် သုံးနေတာလား –
မဟုတ်ရပါအမောင်ပေါရိသာဒ၊မင်းမှာသစ္စာ၊လူမှာကတိ၊ယောင်္ကျားမြတ်တို့မည်သည်ပြောပြီးသားစကားကို
တည်တံ့အောင် ထိန်းသိမ်းလေ့ရှိကြတယ်၊ ငါမင်းမြတ် ကတိပေးပါတယ် -
ကောင်းပါပြီ မင်းမြတ်၊ ကတိတည်ပါစေ – သွားခွင့်ပြုပါတယ်၊ ပြန်လာဖို့ မမေ့ပါနဲ့၊
ဒီလိုနဲ့ ဘုရားအလောင်းတော် သုတသောမမင်းဟာ တရားတော်ကို နာယူပြီး ဆရာ နန္ဒပုဏ္ဏားကို သူများတွေက ဂါထာတပုဒ်ကို အသပြာ တရာနဲ့ ပူဇော်တယ်၊ ငါကတော့ ဒီလောက် တန်ဖိုး၇ှိတဲ့ တရားတော်ကို တိုင်းပြည်နဲ့ ပူဇော်လိုတယ်၊ ဆိုပြီး စိတ်ကူးရှိသော်လည်း ပုဏ္ဏားရဲ့ ရုပ်ရည် လက္ခဏာကို ကြည့်လိုက်တဲ့အခါ ရှင်ဘုရင် ရာထူးနဲ့ မထိုက်တန်တာကို သိမြင်တဲ့အတွက် ဂါထာတပုဒ်ကို အသပြာ တစ်ထောင်နဲ့ ပူဇော်မယ် ဆိုပြီး အသပြာ လေးထောင်နဲ့ ဆုချခဲ့ပြီး ပေါရိသာဒဆီ ပြန်သွားခဲ့တယ်၊
ကိုယ့်အသက် သေရမှာ ကို သိသိကြီးနဲ့ ပြန်လာတဲ့ သုတသောမမင်းကို ကြည့်ပြီး ပေါရိသာဒကလည်း အံ့သြနေရှာတယ်၊ နောက်ဆုံးတော့ လူသတ်သမား လူသားစား ပေါရိသာဒ ဟာ ဘုရားလောင်း သုတသောမမင်းဆီက တရားတော်ကို နာယူပြီး သူတော်ကောင်းဖြစ်ကာ အကျွတ်တရား ရသွားရှာတယ်၊
ပေါရိသာဒ နာယူခဲ့တဲ့ တရားတော်ကတော့ အထက်က ဂါထာ ( ၄ ) ပုဒ်ပါပဲ၊ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ ဂါထာများကို ရွတ်ပွားခဲ့တဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီးကတော့ နတ်ဗြဟ္မာတွေရဲ့ ချစ်ခင်ကြင်နာမှု့ကို လိုချင်လျင် အမြဲတမ်း ရွတ်ဖတ်သင့်တယ် လို့ တိုက်တွန်းထားတယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိ တွေမှာလည်း ဝေးလံခေါင်သီတဲ့ ချင်းတောင်တန်း နာဂ တောင်တန်း ဒေသတွေမှာ နေသော်လည်း ဘယ်လို သားရဲတိရိစ္ဆာန် ကမှ အန္တရာယ်မပြုကြကြောင်း၊ တချို့ ကျားတွေ ဆင်တွေ ဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်း လာရောက်အိမ်စက် အနားယူလေ့ ရှိကြကြောင်း၊ တောတောင်စောင့်နတ် ရုက္ခစိုးမှ အစ နတ်အများစုတို့သည် ညအခါ လာရောက်ဖူးမြော် မေးမြန်းကြလေ့ ရှိကြကြောင်း သိရှိရပါတယ်။
ဘ၀တလျောက်လုံး ဘေးရန်အန္တရာယ် ကင်းရှင်းစွာဖြင့် ချမ်းသာစွာနေနိုင်ပြီး နတ်ဗြဟ္မာတို့ရဲ့ မေတ္တာကို ရယူလိုသူများ ရွတ်ပွားနိုင်စေရန် အသိပေး မျှဝေလိုက်ပါတယ်။
အကိုး
မဟာသုတသောမ ဇာတက
ဇာတက ဋ္ဌကထာ ၂. ၂၁. ၄၁၁
မဟာသုတသောမ စ၇ိယာဝဏ္ဏနာ
ယုဓဉ္စယ ၀ဂ်၊
စရိယာပိဋက အဋ္ဌကထာ၊
နောက်ပို့စ်မှာတော့ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့ ဆရာတော်ကြီး၏ ဘ၀အကြောင်းကို ရေးပါအုံးမည်။
posted by အရှင်သုနန္ဒာလင်္ကာရ
Dhammaransi Group
Clementzaw
မှတ်ချက်။။ အရှင်ဘုရားအား ခွင့်မတောင်းပဲ ဖော်ပြမှု့အတွက် ခွင့်လွှတ်ပေးပါ ဘုရား ။ 

ရေ မေတ္တာ ပွားများနည်း



Ashin Sunanda:
အရှင်ဘုရား
                       တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလား-
 အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊ နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊
ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်က ပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊
         
                 လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို  မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့  စီးပွားပြိုင်ဘက်အချင်းချင်း  ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ  မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက  အဖြစ်အပျက်တွေပဲ မဟုတ်လား၊
             
              ဒါကြောင့်လဲ လူ့ဘ၀က တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း-  စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်က ဆယ်ကုဋေ  လို့တောင် ရှေးလူကြီးတွေက ငြီးတွားခဲ့ကြတယ်    ---
          အော်  ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊
 လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့  ဒကာမလေးလဲ  ပြေလည်နိုင်မယ် လို့ ထင်တယ်၊  ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ  အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီး  အားလုံးကို  သိစေချင်လို့  ဒီကနေပဲ  ဖြေပေးလိုက်ပါမယ်၊

             ဘာဖြစ်လို့လဲ  ဆိုတော့  ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့  စီးပွားရေး   လူမှု့ရေး ဘာသာရေး  စတာတွေမှာ  နားလည်မှု့လွဲပြီး  စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ  စိတ်ညစ်  သောက ရောက်နေရင် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

          ကဲ ကောင်းပါပြီ၊  အောက်မှာ  ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ  ၁၅ ရက်တောင်  မကြာလိုက်ဘူး၊  အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊
အရှင်ဘုရား  အဆင်ပြေသွားပါပြီ၊  ကျေးဇူး အများကြီး တင်ပါတယ်၊  တပည့်တော် ပြောတဲ့ လူတယောက်ဆိုတာ  အရှင်ဘုရား ဒကာကြီးပါ။  သူက အိမ်ကို  ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊

              တကယ်တော့  ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင်  လာပြီး  ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာ မှတ်သားပြီး  အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ - -

၁၊  ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့် အပြည့်နီးပါး ထည့်ပါ၊

၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို  ဆေးကြောပြီး  ဖန်ခွက်ထဲ ထည့်၇ပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို  ဓာတ်ပုံရှိက  ဓာတ်ပုံကို  ဖန်ခွက်ဘေးမှာ  ထောင်ထားရပါမယ်၊

            ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး  ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့  သူ့ နာမည်ကို  ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။
- -ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် - -

            ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့်  ငါကတော့  မေတ္တာမပျက် ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊
ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ  အေးမြနေသလို အခု မင်းကို  အေးမြတဲ့ ရေထဲမှာ စိမ်ထားလိုက်ပြီ၊
             
           မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ေ၇ာ  လူရော အေးချမ်းလာပြီး ငါ့အပေါ်  မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို  အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊ လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ - စသည်ဖြင့်  ပါးစပ်က ရွတ်ဆို၇ပါမယ်၊ -
ကျောက်ခဲလေးကို  လူအမှတ်နဲ့  အာရုံပြုနိုင်အောင် ကြိုးစားပြီး  တနေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊  အကြိမ်များစွာ ဆို၇င်တော့ အကောင်းဆုံးပေါ့၊

၎ ။  တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့  သတ္တ၀ါအားလုံးနဲ့  နတ်ဗြဟ္မာတွေကို  တိုင်တည်ပြီး  မေတ္တာပို့ အမျှဝေ ရပါမယ်၊ 

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ ၂ ယောက် ၃ ယောက် စသည်ပို့လိုရင်လဲ  အစားထိုး ကျောက်ခဲလေးတွေကို ၂ လုံး ၃ လုံး  ထည့်ပြီး   ပွားများနိုင်ပါတယ် ၊   မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ  ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး  ဦးဥတ္တမ သာရ  ကိုယ်တော်တိုင် ပေးသနားထားခဲ့တဲပအတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး  မုန်းသူ  မနာလိုသူ  ရန်သူအားလုံးကို  ချစ်ခင်ကြင်နာနိုင်ပါစေ၊

မှတ်ချက်၊   ကိုယ်က  အမုန်းခံနေရမှ   အသုံးပြုသင့်ပါတယ်၊ ကိုယ်က  မုန်းနေသူဆိုရင်တော့   အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

ဒီဆောင်းပါးလေးကို  စာရေးသူရဲ့ http://panalinka.blogspot.com/   ဒီဘလောဂ့်လေးမှာလဲ  တင်ထားပေးပါတယ်၊

မေတ္တာဖြင့်  လူအချင်းချင်း ဒေါသ မာန်မာန မနာလိုစိတ် ကင်းရှင်း ပြီး ဆင်းရဲမှု့အားလုံး ငြိမ်းအေးနိုင်ကြပါစေ


 အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )
မှတ်ချက် ။။ အရှင်သုနန္ဒာလင်္ကာရ အား ကျေးဇူးတင်စွာဖြင့် ကန်တော့အပ်ပါ၏ ။