Saturday, April 23, 2011

အိမ်ပြန်လွမ်းးးးးးး

            နှင်းတို့ဝေရာမှ ပျော်ဆင်း၊ ဤမြက်ခင်းပြင်ထက၊် ရောင်နီသက်ရင်း ၊ အော်.....နွေနေမင်းတောင် ထွက်လုလာရောပါလား ။ ငါ ကား ဤသောင်ဤကမ်း ဆိုက်ကပ် မြဲ ဆိုက်ကပ်ဆဲပါလား ။ရသေ့သူတော်စင်တောင် ၊ညဏ်မခိုင်ဈာန်ယိုင်စေခဲ့သော နွေလေမြူးကတော့၊ လွင့်လုလု သစ်ရွက်ကြွေတွေကြား ပြေးလွှားဆော့ကစားနေလေရဲ့။ သစ်ရွက်ကြွေတွေကောက် မလှမ်းမကမ်းက ကလေးနှစ်ယောက် ရယ်၊ သူတို့ကို ငေးကြည့် ပျော်ရွှင်မှု့အတိ နဲ့ မိဘနှစ်ဦးရယ်၊ ထိုထိုသော ပန်းချီမဆန် လောက ရဲ့ အမှန်တရားတွေအကြား ၊ လေးလံသောအလွမ်းတွေနဲ့၊ မမြင်မှန်းသိသိနဲ့ လှမ်းမျှော်နေမိသော ရီဝေေ၀ မျက်ဝန်းတစုံ........တွေ့ဆုံကြုံကွဲ လောကဓမ္မပဲ လို့ ..မှတ်ယူရမယ်မှန်းသိပေမဲ့ ရင်မှာတော့ မချိဘူး မေမေရယ် ။။((သူလို ကိုယ်လို အရွယ်ရောက်လာပေမဲ့လည်း သူလိုကိုယ်လို လွမ်းဆွတ်ရင်တောင် ကို့အပြန်လမ်းကို ကိုယ်မပိုင်တဲ့ဘ၀ ၊သံသရာ ရှည်သရွေ့ ဒီအလွမ်းတွေလည်း ရှည်နေဦးမယ်ထင်ပါရဲ့))