Sunday, May 8, 2011

ဖေဖေ မေမေ

ဖေဖေ ၊မေမေရေ လွမ်းလိုက်တာဗျာ ဖုန်းမဆက်တာကြာလို့ စိတ်တွေများ ပူနေမလား အဖေ အမေတို့ ကိုသားအစဉ်အမြဲ ဦးထိပ်ထားပါတယ် ။ခုလည်း သား http://www.buddhafm.net/ ကလွှင့်တဲ့ တရားနာနေပါတယ် အမေ မေမေ့ မေတ္တာ ဖွဲ့ ကျူးတဲ့ သီချင်းတွေ နားဆင်နေပါတယ် အမေ ဗောဓိရွှေကျောင်း သီချင်းကသားကို ငယ်ငယ်က ကလေးဘ၀တွေကို သတိယစေတယ် ဗိမ္မိသာရ မင်းကြီးရဲ့ ချစ်ခြင်းမေတ္တာက သားကို မိဘမေတ္တာ ကို အကြွင်းမဲ့ ယုံကြည်စေတယ် မေမေ။ စိတ်ချနေပါ မေမေ သားဘယ်တော့မှ မမှန်ကန်သောစိတ်ထားနဲ့ မကောင်းသော အကြံအစည် အပြောအဆို အလုပ်အကိုင်တွေကို ခုရောနောင်ရော လုပ်သွားမှာ မဟုတ်ပါဘူး အမေ ပြောဆို ဆုံးမသမျှ တွေကို သားအလေးထားပါတယ် အမေ အမြဲတမ်း တသွေမတိမ်းလိုက်လုပ်တယ်လို့ တော့ သားမညာပါဘူး အမေ ဒါပေမဲ့ သူတော်ကောင်းလမ်းစဉ် ကို ချိုးဖောက်သော အရာမှန်သမျှ သား ရှောင်ရှားနေပါတယ် အမေ နောင်လည်း လူတော် လူကောင်းတယောက်ဖြစ်အောင် ကျင့်ကြံပြောဆို ပြုမူ နေထိုင် သွားမှာပါ အမေ ကို သားချစ်တယ် အမေ ။ အဖေရယ် အမေ မေတ္တာတွေကိုသား ဘယ်တော့မှမေ့မရပါဘူး အဖေ အမေတို့ ကျေးဇူး ကြောင့်သာ သားခုလို နေရာမျိုးကို ရောက်လာတာပါ သားယနေ့ ကြိုးစားနေသမျှ ဟာ အဖေ အမေ အတွက်ပါ သား၇ည်ရွယ်ပါတယ် ၊ ဒီကိုရောက်မှ သားချစ်ရမဲ့သူ သားဘ၀ လက်တွဲဖော်ကို သားတွေ့ပြီ အမေ သူဟာ သားရည်ရွယ်ထားသလောက် အရည်အချင်းအားလုံးထဲက တချို့ အချက်တွေနဲ့ မကိုက်ညီပေမဲ့ သားအလေးထားဆုံး ကိုယ်ကျင့်တရား ရယ် သားသူ့ကို ချစ်နေတာရယ် သူသားအပေါ် ချစ်ကြည်တာရယ် နဲ့ပဲ သားရွေးချယ် လိုက်တယ် အမေ ။ အဖေ အမေ တို့ သားကို နားလည်နိုင်ပါစေ အဖေ အမေတို့ နားလည်အောင်လည်း သားကြိုးစားသွားမှာပါ ။ သူ့ကို သားချစ်မိပြီးနောက် သူ့မိဘတွေကိုပါ သား မိဘ တွေလို သား သဘောထားပါတယ် အဖေ အမေတို့ မေတ္တာတွေရယ် ကျေးဇူးတရားတွေရယ်ကို သား ဘယ်တာ့မှမမေ့ဘူး နောက်ကျ မခံပဲ သား ပြန်လည် ပေးဆက်သွားမှာပါ ခုလည်း သား တတ်နိုင်တဲ့နည်းလမ်းများနဲ့ ပေးဆပ်နေပါတယ် ။ သားမှာ အကြီးမားဆုံးရည်၇ွယ်ချက်တွေက အဖေ အမေ တို့ကို သားကောင်းတယောက်ပီသစွာကျေးဇူးဆပ်ဖို့ တသက်လုံး လေးစားစွာ ဦးညွှတ်ဖို့ ၊ သားချစ်တဲ့ သားဘ၀က်တွဲဖော် ကို အိမ်ထောင် ဦးကောင်းပီသစွာ ပြုမှုကျင့်ကြံနေထိုင်ပြဖို့ ပြုစု လုပ်ကျွေးဖို့၊ သားချစ်တဲ့ ပြည်သူတွေကို သားတတ်နိုင်သလောက် သားလုပ်နိုင်သလောက် စွမ်းဆောင်ပေးဖို့ပါ ။ သား မချမ်းသာချင်ပါဘူး ဒါပေမဲ့ သား မေမေ ဖေဖေ တို့ ကိုကြီး ညိလေး ညီမလေးတို့စား ၀တ် နေ ရေး ပြေလည်ဖို့ သား ကိုယ်စွမ်းရှိသလောက် သူတော်ကောင်းလမ်းစဉ်မချိုးဖောက်ပဲ စိတ်ထဲ အမြဲ နှလုံးသွင်းနေမှာပါ အရင်ကတည်းက အဲ့စိတ်ထားပါ အမေ ခုထပ်တိုးလာတာကတော့ သားချစ်တဲ့ သူမ () ရယ် သားသနားချစ်ခင်တဲ့ ပြည်သူတွေရယ် ကိုပါ အဖေ အမေ တို့ နှင့်အတူ ရည်မှန်းချက်ထဲ ပါလာတာပါ ။ ဤပိုစ့်လေးဟာ သားသစ္စာတရားပါ ဘယ်တော့မှမချိုးဖျက်ပဲ သစ္စာတရားပါ အဖေ အမေကို သားရိုကျိုးပါတယ် အဖေ အမေ တို့ ငြိမ်းချမ်းပါစေ

what are words

သဘောကျမိသာသီချင်းလေးတပုဒ် တကယ့်အဖြစ်မှန်လေးဆိုတာရယ် အမေရိကန် idol ဆိုတဲ့ ၀ါသနာ၇ှင် အဆိုပြိုင်ပွဲလေးမှာ လူတွေရဲ့ရင်ထဲ တခုခု ကျန်ရစ်စေခဲ့သော Chris Medina ရဲ့ သူ့ရဲ့ ချစ်သူ အပေါ်ထားသော သစ္စာတရားတွေကိုပေါ်လွင်စေခဲ့တာရယ် လေးစားဖွယ်ရာ ယောက်ကျားတယောက်အဖြစ် ဒိုင်တွေ ရဲ့ အသိအမှတ်ပြုမှု့တွေ ကို ပျော်ရွှင်တ၀က် ၀မ်းနည်းတဖက်နဲ့ ပဲနားလည်စာနာမိရင်း ချစ်သော သူများ ချစ်ခြင်းတရား၏ လေးနက်စွာစောင့်ရှောက်မှု့ကို ခံရပါစေသားလို့ဆုတောင်းပေးရင်း ......
သီချင်း lyrics လေးကတော့ အောက်မှာပါ
  
Lyrics:
Anywhere you are, I am near
Anywhere you go, I'll be there
Anytime you whisper my name, you'll see
How every single promise I keep
Cause what kind of guy would I be
If I was to leave when you need me most

What are words
If you really don't mean them
When you say them
What are words
If they're only for good times
Then they don't
When it's love
Yeah, you say them out loud
Those words, They never go away
They live on, even when we're gone

And I know an angel was sent just for me
And I know I'm meant to be where I am
And I'm gonna be
Standing right beside her tonight
And I'm gonna be by your side
I would never leave when she needs me most

What are words
If you really don't mean them
When you say them
What are words
If they're only for good times
Then they don't
When it's love
Yeah, you say them out loud
Those words, They never go away
They live on, even when we're gone

Anywhere you are, I am near
Anywhere you go, I'll be there
And I'm gonna be here forever more
Every single promise I keep
Cuz what kind of guy would I be
If I was to leave when you need me most

I'm forever keeping my angel close

သူလိုကိုလို

သူလို ကိုလို လွမ်းမောတဲအခါ အိမ်ရှိရာကို ခြေဦးလှည့်ချင်ပေမဲ့ ကိုယ့်အိမ်ပြန်လမ်းကို.. ကိုမပိုင်သောအခါ
သူလိုကိုလို ကြင်သူရှိပေမဲ့  ကို့ရင်ခွင်ပန်းကို နမ်းဖို့ရာ အလှမ်းဝေး နေသောအခါ
သူလိုကိုလို  လသာသာအောက် ချစ်သူ ပါးပြင်ပေါ် ရောက်တတ်ရာရာ ကျီစယ်ဆော့ကစားချင်ပေမဲ့ လရောင်နဲ့ဝေး ညအမှောင်တောင် မငေးနိုင်သောအခါ
သူလိုကိုလို ဘူးသီးကြော်အတူစား ဦးချစ်ဆိုင်အတူသွား ကျောင်းတော်ရဲ့ သက်တော်ရှည် သစ်ပုတ်ပင်တွေကြား ကြင်သူနဲ့အတူ ပြေးလွှားဆော့ကစားချင်ပေမဲ့  သေနတ်ကိုဖက် ကျားသစ်ချောင်းတက်နေရသောအခါ
သူလိုကိုလို ပူအမျှ အေးအတူ အယူ အပေးဘာမှ မတွေးပဲ ရိုးရိုးလေးပဲ နေချင်ခဲ့လည်း ပြိုင်ပွဲအသီးသီး ဘွဲ့ အကြီးကြီးတွေကြား မိုးခါးရေပေါ် အာရုံရောက် မှောက်မှားသောစိတ်ထား တို့ အဖြူရောင်တွေ လျော့ပါးလာသောအခါ
.....
ဆက်ရေးဖို့..ကြိုးစားနေတယ် ..ချစ်သူကိုလည်း လွမ်းတယ်
အမေ့အိမ်ကိုလည်းလွမ်းတယ်