Sunday, September 18, 2011

အမျိုးအနွယ်

"သေယျော သဓမ္မော ဝိဂုဏော ၊ ပရဓမ္မော သုနိဌိတာ ။
သဓမ္မော၊ မိမိ၏အမျိုး မိမိ၏ရပ်ရွာ မိမိ၏နိုင်ငံ မိမိတို့၏ ရိုးရာယဉ်ကျေးမှု့သည်။
ဝိဂုဏော၊ ဂုဏ်မဲ့နေသည်ဟု ထင်ရစေကာမူ ။
သုနိဌိတာ၊ အဆများစွာပို၍ တိုးတက်နေသည်ဟု ထင်ရသော။
ပရဓမ္မော၊ သူတစ်ပါး အမျိုး သူတစ်ပါးရပ်ရွာ သူတစ်ပါးနိုင်ငံ သူတစ်ပါးတို့၏ ယဉ်ကျေးမှု့ထက်။
သေယျော၊ မြတ်၏ ။"
ဝိဋဋူဘအမေး ။ ။ သာဝတ္ထိပြည် ပိုင်နက်တွင် အရိပ်ကောင်းသော သစ်ပင်များးးး ရှိပါလျက် ထိုသစ်ပင်ရင်းတို့တွင် သီတင်းမသုံးပဲ
ကပိလဝတ်ပြည် ပိုင်နက်ထဲက အရိပ်ကျိုးတိုးကျဲတဲ ဖြစ်နေသော သစ်ပင်ရင်းတွင် ဘာကြောင့် သီတင်းသုံး
နေတော်မူပါသနည်း ။
ဗုဒ္ဓအဖြေ ။ ။ အရိပ်အားလုံးတို့တွင် ဆွေမျိုးတို့၏ အရိပ်သည် အေးချမ်းလှပေသည် ။


ဆရာဇော်ဂျီရေးတဲ့ ကဗျာလေးကတော့ ကျနော်တို့ကို ရှင်းရှင်းလင်းလင်းသတိပေးနေလေရဲ့
ခုထိတိုင်လည်း ဘာမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်သေးပါ ။ ဒီလိုနဲ့ပဲ မာန်တွေတင်းလိုက် ရန်တွေရှင်းလိုက်နဲ့ ။။
သြော်
လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့ ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင်၏ ။
သင်ဦးချ၍ အမျှဝေရာ
စေတီစာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း.......။

Saturday, September 17, 2011

e-books

ကဲဗျာ.....
ဓမ္မစကား နေ့တိုင်းကြားက
သားမယားပင် သိမြင်ကင်းကွာ
မလိမ္မာလည်း စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏ ။
တဲ့ ဒီတော့ကာ ဓမ္မစကား ကြားအောင် ဘယ်လိုလုပ်မလည်း အကြားအာရုံတခုထက်ပို ရင်တော့ ကောင်းမယ် ဥပမာ သင်၏ နှလုံးသားထဲထိ နားလည်စွာ အဖန်တလဲလဲ မပြတ်ဆင်ခြင်အောက်မေ့မှုမျိုးပေါ့ ။ အဲ့ဒီလို ဆင်ခြင်အောက်မေ့မှု့မျိုးတွေ ကြောင့်ပဲ ကျနော်တို့တွေ ချစ်ရသူ ကို လွမ်းတာ ဆွေးတာ တွေ ဖြစ်နေကြတာလေ
။ ဒီတော့ကာ ဒီလို တရားဓမ္မ တွေကိုလည်း လွမ်း ဆွေးသလိုမျိုး စိတ်ထဲမှာ အမြဲ အမှတ်ထင်ထင် ဖြစ်နေအောင် လုပ်ပေါ့။ ဘာဖြစ်ဖြစ်ပေါ့ နားနှစ်ဖက်မှာနားကြပ်လေးတပ်ပြီးတော့ နားမထောင်ချင်လည်း စာတအုပ်အနေနဲ့တော့ အမြင်အာရုံမှတဆင့် ကျနော်တို့ ဟိုး နက်နက်ရှိုင်းရှိုင်း မှတ်သားကြတာပေါ့ ။
ခုကျနော့မှာ ရှိသော ဓမ္မ နှင့်သက်ဆိုင်သော စာအုပ်တွေ လင့်တင်ထားပေးတယ် ။ အဆင်ပြေမယ်ဆို ဒေါင်း သွားကြပေါ့။ ဒီထက် အဆင်ပြေမယ်ဆိုရင် ဖတ်ရှု့ကြပါ။ အဲ့ထက် ပိုအဆင်ပြေမယ်ဆိုရင် မှတ်သားကြပါ ။ အဆင်အပြေဆုံးကတော့လိုက်နာကျင့်ကြံကြပါ ။ :P
ဒေါင်းရန်

Friday, September 16, 2011

အဘိဓာန်

မြန်မာ -အင်္ဂလိပ် // အင်္ဂလိပ် -မြန်မာ အဘိဓာန်လေးပါ myanmar3 font & zawgyi font တွေတော့ install ထားမှဖြစ်မယ် တဆက်တည်း ဂျီတော့မှာပါဠိ ကနေ မြန်မာလို ဘာသာပြန်ပေးသော အကောင့်လေးက pali2myn@gmail.com လေးပဲဖြစ်ပါတယ် ။
အဘိဓာန်လေးအား ဒေါင်းလော့လုပ်နိုင်သော လင့်ခ်လေးက >> ပျော်ရွှင်ပါစေ
တဆက်တည်း ခက်ခဲလှပါတယ်ဆိုတဲ့ မြတ်စွာဘုရားရှင်လက်ထက် သက္ကတ ဘာသာစကားကနေ အင်္ဂလိပ်လို ဖွင့်ဆိုတဲ့ Sanskrit - English Dictionery လေးကိုလည်း သာသနာပြု သံဃာ တော်များအတွက်ရော ဗုဒ္ဓဘာသာရှင်များအတွက်ပါ တင်ပေးလိုက်ပါတယ် လင့်လေးကတော့ ဟောဒီမှာ

maxplus 2

ကျနော်တို့ ငယ်ငယ်ကလည်းသင်ဖူးတယ်ဗျ Logic gate တွေ နဲ့ ပတ်သက်တာတွေပေါ့ လေးလေးနက်နက်တော့ မတွေးမိဖူး အသေးစိတ်ကျကျ လည်းမလေ့လာခဲ့ဖူးဘူး ။ ခုတကြိမ် တကျော့ပြန် သင်မိတော့မှပဲ စိတ်ဝင်စားဖို့ ကောင်းတာတွေရော အသိပညာတွေပါ ရလာတယ်။ အထူးသဖြင့် practical ပိုင်းအားနည်းနေတဲ့ နိုင်ငံအတွက် ကျနော်တို့ လူမျိုးတွေအတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်မဲ့ ခုဆော့ဝဲလေးကို ရှာဖွေ စုဆောင်းထားမိရင်း ဝေမျှလိုက်ပါတယ် ။ ရိုးသားစွာဝန်ခံရရင် ကျောင်းအပြန် အဆောင်ရှိ မိမိကွန်ပျူတာမှာ ပြန်လည်လေ့ကျင့်ဖို့အတွက် ယခုဆော့ဝဲလေးကို လိုင်စင် အနေဖြင့် ကျောင်းအာဏာပိုင်များမှ ဖြစ်စေ ဆရာများမှ ဖြစ်စေတောင်းယူဖို့ဆိုတာ မူပိုင်ခွင့်ကိစ္စတွေကြောင့် မလွယ်လှပါဘူး ဒီတော့ ထုံးစံအတိုင်းရှာဖွေတဲ့အခါမှာ LAN Service လုပ်ပေးထားတဲ့ ထဲက server တခုကနေ ရလိုက်ပါတယ်။ ဒီတခါလည်း လိုင်စင်ကတော့ ထုံးစံအတိုင်း မကောင်းတာသိသိနဲပဲ လူလည်ကျ ထားတဲ့နည်းပါ free ပေးထားတာကျတော့ တကယ် applied လုပ်လို့မရဘူးလေ ဒီပြင် အပြင်မှာ ဒေါ်လာ တွေ ပေးပြီးဝယ်ရတာကြောင့်ရယ် အဆင်မပြေမှု့တွေကြောင့်ရယ်ပေါ့ ။ အောက်ကလင့်လေးမှာ ဒေါင်းလိုက်ပါ .rar ဖိုင်ကို ဖြေပြီးတာနဲ့ အထဲမှာ ဖတ်ပါ ဆိုတဲ့ .txt ဖိုင်လေးကို အရင်ဖတ်ပေးပါ ။ အဆင်ပြေပါစေ ။
(setup ဖိုင်ဒေါင်းရန်)
(ကျူတိုရီရယ် နှင့် user guide သုံးပြုနည်းလမ်းညွှန်ပါ)

Wednesday, September 7, 2011

searching hidden themes in window 7

1.finding hidden themes >> open a Windows Explorer window.

window7 မှာ ပုန်းကွယ်နေသော theme တွေကို search bar လေးကတဆင့် ရှာဖွေတာပါ နိုင်ငံအသီးသီး အမည်နဲ့ theme တွေ ထွက်လာတာ ကို တွေ့ရမှာပါ ။



ပေါ်လာသော theme တွေထဲက မိမိနှစ်သက်ရာ theme လေးပေါ်မှာ double left click လိုက်ရင်တော့ အလိုအလျောက် သင့်ရဲ့ဝင်းဒိုး screen ပုံတွေ ပြောင်းသွားတာကို တွေ့ရမှာပါ

Personalize >>desktop background >> change picture every : အောက်ကနေ မိမိနှစ်သက်သလို transition လေးတွေ ချိန်းဖို့လည်းမမေ့ပါနဲ့

Theme အမျိုးအစား တခုကနေအခြား တစ်ခုပြောင်းတိုင်း font type တွေပါ ပြောင်းသွားတတ်ပါတယ် ။ ဆိုတော့ကာ .

Personalize >> desktop background >> window color >> advanced appearance setting >> item များထဲမှ icon ကိုရွေးပြီး font တွင် မိမိနှစ်သက်ရာ ဥပမာ zawgy one ကို ပြောင်းပေးလိုက်ပါ ဒါဆို ဖိုင်တွေမှာ မြန်မာလို rename ပေးထားတာတွေ ပြန်ပေါ်လာပါလိမ့်မည်။ ပျော်ရွှင်ပါစေ ။