Friday, December 31, 2010

2011 မျက်နှာဖုံး

မင်္ဂလာနံနက်ခင်းပါ
မကြာခင် 2011 ဆိုတဲ နှစ်သစ်က ရောက်လာတော့မယ် 2010 ကို လက်ပြနုတ်ဆက်ရင်းပေါ့
2010 မှာ ပျော်ရွှင်ခဲ့တာတွေလည်းရှိမယ် ၀မ်းနည်းခဲ့တာတွေလည်းရှိမယ်

Thursday, December 30, 2010

နားလည်မှု့ထောင့်ချိုး

တခါတခါတော့
လူတချို့မေ့လျော့နေတဲ့ ရင်ဘတ်ထဲကစကားလုံးတွေကို အနုပညာဖန်တီးရှင်တွေကပြောပြကြပါတယ် ကျေးဇူးတင်ပါတယ်.

အိမ်အပြန်

အိမ်ပြန်ချိန်တွေဟာ ဘယ်လောက်ပဲ အကြိမ်အရေအတွက်တွေများနေပါစေ ကျနော့်ကို ရိုးအီမသွားစေခဲ့ပါဘူး ကိုသားသမီးနေရာ ရောက်စဉ်က အမေ့ရင်ခွင်ကို တိုးဝှေ့မယ့်အကြံနဲ့ပေါ့ ။ကိုလည်းမိဘဖြစ်လာရော သားသမီးတွေကို နွေးထွေးလှိုက်လှဲမှု့တွေပေးဖို့ အိမ်ကိုပြန်ရဦးမှာပါ  အိမ်နဲ့လည်းခနခနဝေးနေရဦးမှာပါ

မြန်မာ့တံဆိပ်ခေါင်းများ



ရှေးမြန်မာများ

Monday, December 27, 2010

သီလ

လူရယ်လို့ဖြစ်လာရင် ကျောက်ခေတ် ကြေးခတ် နူကလီးယားခေတ် စတဲ့ ခေတ် တွေဘယ်လို ပြောင်းပြောင်း
မပြောင်းလဲသင့်တာ တွေ ရှိပါတယ် ကိုယ်ကျင့်တရားတွေ ပေါ့
ဘယ်လို ကိုယ်ကျင့်တရားတွေလည်း ဆိုတော့မြတ်စွာဘုရားဟောကြားခဲ့ဖူးပါတယ် သိပ်များများမလိုပါဘူး
ငါးပါးသီလကိုသာ လုံခြုံအောင် ထိန်းပါ ။

သူတပါး အသက်ကို ကိုယ့်အသက်လို တန်ဖိုးထားပါ ကိုယ့်အသက်ထက်တောင်တန်ဖိုးထားပါ ကိုယ် စိတ် နုတ် သုံးပါးလုံးဖြင့်သတ်ဖြတ်ဖို့ အားထုတ်ခြင်းမှ ရှောင်ပါ ။( အသက်တိုခြင်း အနာရောဂါထူပြောခြင်း တို့သည် သူတပါးအသက်ကို သတ်ဖြတ်ခဲ့သော သူတို့ကြုံရတတ်သော ဘေးဥပါဒ်များဖြစ်၏ ။)

မပေးအပ်ပြီဖြစ်သော သူတပါးပိုင်ဆိုင်ရာ ပစ္စည်းများအား ပြစ်မှားကျူးလွန် ယူငင်ခြင်းမှရှောင်ပါ သူတပါးစွန့်ပစ်အပ်ပြီဖြစ်သော အရာများအား ယူဆောင် အသုံးပြုနိုင်သည် ။

လိမ်ညာဖွယ်စကားကို ရယ်စရာအဖြစ်နဲ့တောင် မပြောပါနဲ့။( လူတွေ လုံခြုံဖို့ရာအလွယ်ကူဆုံးလို့ ထင်နေတဲ့ သီလ နဲပတ်သက်ပြီး မြတ်ဘုရားက အရှင်ရာဟုလာကို သတိပေးခဲ့ဖူးပါတယ် ။ )

အုပ်ထိန်းသူရှိသော ကာမပိုင်ရှိသော သူတပါး သားမယားအား ပြစ်မှားကျူးလွန်ခြင်းမှရှောင်ကျဉ်ပါ (ဒုသနသော အားသတိပြုရန် ယခုခေတ် ပေါများလာနေသော GAY များနှင့် ယောက်ကျားမစစ် မိန်းမ မစစ်များမှာ ထိုသို့သော ကျင့်ဝတ်ကို ဖောက်ဖျက်သော အကြောင်းတရားကြောင့် ယခုဘ၀ ထိုသို့သောအကျိုးရလာဒ်ဆိုးများရလာခြင်းဖြစ် ။ )

အကြောင်း အကျိုး အကောင်း အဆိုးတို့ကို မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့စေသော မိမိကိုယ်ကို စောင့်ထိန်းခြင်းဟူသောသတိတရားတို့အားယိမ်းယိုင် ပျောက်ပြယ်စေတတ်သော သေရည် သေရက်အား သောက်စားခြင်း မှီဝဲခြင်းမှရှောင်ကျဉ်ခြင်း (ယခု ပေါ်ပေါက်လာနေသော ဆေးလိပ် နှင့်တကွ မူးယစ်ဆေးဝါးများပါ အကျုံးဝင်)

ယနေ့

ကျောင်းကလည်း ပိတ်ထားတောာ့ စိတ်တွေကလည်းအားနေတယ် ဘာရယ်မဟုတ် ဟိုသွား ဒီသွားနဲ့  အင်တာနက်ပေါ် မှာ အာရုံတွေ ဖြန့်ကျက် ကစားမိတော့ အမျိုးမျိုးသော လူတွေရဲ့ ကွဲပြားသော အတွေးတွေ အရေးတွေ အထင်အမြင်တွေ အယူအဆတွေ ကိုတွေ့ရ မြင်ရ ကြားရ ဖတ်ရ ပြန်တယ် ။
ဖတ်ရင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်ရမောရတာလည်းရှိတယ်( ဥပမာ ကိုသေသေချာချာသိထား
တဲ့ အကြောင်းအရာတခုကို တစုံတယောက်က အလွဲလွဲအချော်အချော်ပြောပြနေတဲ့အခါ) ။
စိတ်တွေ အလေးလေးအလံလံနဲ့ သက်ပြင်းချမိတဲအခါတွေလည်းရှိရဲ့  ဥပမာ။ ။တ

Sunday, December 26, 2010

မြန်မာ့ခြင်းလုံး

စိတ်

တနေ့တော့ တပည့်တယောက်ဟာ အိပ်နေရင်းနဲငိုတယ် ရှိုက်ကြီးတငင်ပေါ့ အဲ့တော့ ဆရာကမေးတယ် တပည့် အိပ်မက်ဆိုးတွေမက်နေတာလား တဲ့ တပည့်ကဖြေတယ် မဟုတ်ပါဘူးဆရာ တဲ့ ဆရာကပြန်မေးတယ် ဒါဆို ဘာဖြစ်လို့လည်း တဲ့

သစ္စာ

ကျနော်ကြားဖူးတယ် မှန်သောစကားတွေဟာ သစ္စာ တဲ့ ...
အကြောင်းအရာတခုဟာကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေပေါ့
နုတ်ဖျားကထွက်လာတဲ့ စကားတွေကသာ အမှန်တရားဖြစ်ပါစေ
ဒါဟာ သစ္စာ ပေါ့
အဲ့ဒီလိုပဲ ကျနော်ယုံတယ်
ဗုဒ္ဓဘုရားရှင်ငုံးမင်းဖြစ်ချိန်တုန်းက သူဟာအရွယ်မရောက
် ပျံသန်းဖို့မတတ်နိုင်သေးတဲအချိန် အတောင်အလက် မစုံလင်မီ မိဘများက
နှုတ်သီးဖြင့် အစာ ခွံ့ရသည့် ဘဝ တွင် မှာ ပဲ တောမီးလောင်ကျွမ်းမှု့ဘေးနဲ့ ကြုံသတတ
် မြတ်စွာဘုရားအလောင်းတော် ငုံးငယ်လေးရဲ့ မိဘတွေဟာလည်းကြောက်လန့်တကြား ထွက်ပြေးကြလေတယ် ။
ဒီအချိန်မှာ အမိ အဖ အားကိုးရာမဲ့သွားပြီဖြစ်တဲ့ မြတ်ဘုရားအလောင်းတော် ငုံးငယ်လေးဟာ သူ့မှာ အားကိုးစရာဆိုလို့ သစ္စာတရားသာ ရှိပါလားဆိုပြီး သစ္စာဆိုလိုက်တယ်
သူ့ရဲ သစ္စာတရားက အဆန်းတကျယ်ကြီးလည်း မဟုတ်ပေဘူး …..
" ငါ့ ၌ အတောင်ရှိ၏ ၊ သို့သော် မပျံနိုင်သေး ။
ငါ့ ၌ခြေထောက်ရှိ၏ ၊ သို့သော်မသွားနိုင်၊ မလှမ်းနိုင်သေး ။
ငါ့၌ မိဘနှစ်ပါး ရှိ၏ ၊ သို့သော် ဤနေရာ၌မရှိ ၊ စွန့်ခွါ သွားကြကုန်၏ ။
ဤ မှန်ကန် သော သစ္စာ စကားကြောင့် ငါ့ အား မီးဘေးမှ ကင်း လွတ်စေ သတည်း "
ဟူ၍ သစ္စာ ပြုတော်မူ၏ ။ ထို အခါ အလောင်းတော် ငုံးမင်း စံရာ အသိုက်သစ်ပင် နှင့်
၃၂ - တောင်ကွာပတ်လည် အရောက်တွင်တော မီးသည် နေနှင့် တွေ့ သကဲ့သို့ ငြိမ်းအေးခြင်း သို့ ရောက်ခဲ့သည် ။
အဲ့ဒီနေရာဟာ ဤဘဒ္ဒကမ္ဘာတည်သညိအထိ မီးမလောင်နိုင်ဘူးတဲ့ ။
ဘယ်လောက် စွမ်းလိုက်တဲ့သစ္စာလည်း ။
မြတ်စွာဘုရားဟာ ရန်တကာတို့ကို သစ္စာတရားရယ် မေတ္တာတရားရယ်နဲ့ပဲ အောင်မြင်ခဲ့ပါတယ် မိမိရဲံ ကိုယ်ကျင့်သီလအပေါ် မူတည်ပြီးရယ် ခေတ်ကာလပေါ်မှာမူတည်ပြီးရယ် မိမိရွတ်ဆိုသော သစ္စာအပေါ်မူတည်ပြီးရယ် အကျိုးပေးပုံချင်း စွမ်းအားကွာခြားနိုင်ပါတယ် ။
သစ္စာတရားနဲ့ ပတ်သက်တဲ့ ပုံပြင်တွေ နိပါတ်တွေ များမြောင်လှပါတယ်
မြတ်စွာဘုရားအလောင်းတော် တင်မက အခြားအခြားသော သူတော်ကောင်းတွေ သာမန်လူတွေလည်း သစ္စာကြောင့် အကျိုးရတာတွေအများကြီးပါပဲ။
ဒီလိုနဲ့ ကျနော်တို့ဟာ ဒုက္ခတွေ ကြားမှာ ရှင်သန်ပေါက်ဖွားလာကြတယ် အသက်တွေကြီးလာတာနှင့်အမျှ တရားဓမ္မတွေ တိုးလာသင့်သော်လည်း လောဘတရားတွေပဲ ပိုကဲလာတယ် အာဏာ စည်းစိမ် တည်မြဲရေးအတွက် မမှန်သော စကားတွေဆိုလာကြတယ် ကျနော်မှတ်မိသေးတယ် လူတွေ မုသာဝါဒ ကို စတင်ပြောတတ်တဲ့
အချိန်ကလူ့အသက် အနှစ်တသောင်း(အနှစ်တသိန်းလား မမှတ်မိတော့ပါ) စကြာမင်းကိုယ်တိုင်က လိမ်လည်ထွက်ဆိုခဲ့တာပါ အဲ့ဒီအပြစ်ကြောင့် သူလည်း စကြားရတနာတွေဘုန်းတန်ခိုးတွေပျောက်လို့ အပါယ်ငရဲ ကို ကျရောက်သွားပါတယ် ။
သစ္စာရဲ့ ပြောင်းပြန်က မုသားပါ ။ ခုခေတ် လူတွေဟာ မုသားကို ပလပ်စတစ်အိတ်လို တစ်သျှူးတွေလို ဖောဖောသီသီ သုံးစွဲလာကြပါတယ် သာမန်ပြည်သူ ကအစ ဟိုး တိုင်းပြည်အုပ်ချုပ် သူအဆုံး နိုင်ငံတကာကိုရော ပြည်သူကိုပါ လိမ်ညာသူတွေက ထမင်းစားရေသောက်လိုကို သက်သောင့်သက်သာ လိမ်ညာနေကြပါတယ် ။
ချက်ချင်း အကျိုးပေးတာမျိုးကို သက်သေပြဖို့ကလည်းခဲယဉ်းလာတော့ သူတို့ မုသားရဲ့ အပြစ်ကိုမကြောက်ကြတော့ပါ ။ ဘာပဲဖြစ်ဖြစ်ပေါ့ သစ္စာ မပြုနိုင်ရင်တောင် မုသားကိုတော့ ရှောင်ပါ ။
အဲ့ဒီလိုနဲ့ ကျနော်ကို မွေးဖွားလာခဲ့တယ်.............။။ဘ၀မှာ ရုန်းမထွက်နိုင်တော့လောက်အောင် အကျပ်အတည်းတွေကြုံခဲ့ဖူးတယ် တကယ်လွတ်မြောက်ခဲ့ပါတယ် သစ္စာတရား ကြောင့်ပေါ့ ဘ၀မှာ ရုန်းမထွက်ချင်လောက်အောင်ကို ကြိုးတွေနဲ့ ညှိနေခဲ့ဖူးတယ်
" ယခုရော "လို့ မေးလိမ့်မယ်....ဟုတ်ကဲ့ ယခုလည်းညှိနေတုန်းပါပဲ သံယောဇဉ် တွေ ပေါ့ သိသိနဲ့လည်း ရုန်းမထွက်ချင်ခဲ့ဖူးယခုထိအောင်ကို ကျနော်အဲ့ဒီကြိုးတွေကြားမှာ ကြည်ကြည်လင်လင် ငြိမ်ငြိမ်သက်သက် နေထိုင်နေပါတယ် ။
.....................................................................................

" အဆွေတော် "

 ကောင်းသောအချိန်အခါပါ သင့်အား....
ဆောင်းနေ့တွေမှာရယ်  နွေရက်တွေမှာရော
မိုးညတွေမှာပါ အေးမြကြည်လင်စေ...