Friday, December 31, 2010

2011 မျက်နှာဖုံး

မင်္ဂလာနံနက်ခင်းပါ
မကြာခင် 2011 ဆိုတဲ နှစ်သစ်က ရောက်လာတော့မယ် 2010 ကို လက်ပြနုတ်ဆက်ရင်းပေါ့
2010 မှာ ပျော်ရွှင်ခဲ့တာတွေလည်းရှိမယ် ၀မ်းနည်းခဲ့တာတွေလည်းရှိမယ်
လုပ်ချင်ရက်နဲ့ မလုပ်လိုက်ရတာတွေလည်းရှိမယ်
လုပ်သင့်ရက်နဲ့မလုပ်ခဲ့လို့ နောင်တရမိတာတွေလည်းရှိမယ်
အဆိုးထဲကနေ သင်ခန်းစာယူစရာတွေလည်းရှိမယ် အကောင်းတွေကို ပြန်လည်တွေးတော ရင်း အတုယူစရာတွေလည်းရှိမယ်
အခြေအနေအမျိုးမျိုးတွေကြားကပဲ
ထူးခြားတဲ့နှစ် ၁ နှစ်အဖြစ် ကိုသတ်မှတ်လိုက်ပါတယ်
ဘာဖြစ်လို့လည်းဆိုတော့
ကျနော်ကြားဖူးတယ်
လူတယောက်နဲ လူတယောက် ဟာ အကြောင်းအကျိုးဆိုတာတွေတိုက်ဆိုင်လာမှ ရေစက်တွေပါလာလာမှ ဒီစ့ကြာဝဠာတွေအများကြီးထဲကနေရာ တချို့မှာ ဆုံတတ်ကြတယ်
တချိုက ကားပေါ်မှာ တချိုကျ ဘူတာရုံ သင်္ဘောဆိပ် လေဆိပ် ကားဆိပ် ပန်းခြံ အခမ်းအနားတခုခု
အဲ့ဒီလိုမျိးဆုံတတ်ကြတယ်တဲ့
အဲ့ဒီလို တယောက်နဲ ယောက်ဆုံ ဖို့ဆိုတာ မလွယ်ကူလှပါဘူး
မြတ်ဘုရားဟောဖူးတယ်
လူတယောက်ဖြစ်လာဖို့ရာ ဘယ်လောက်ခက်ခဲသလဲဆိုရင် လူ့ပြည်ကအပ်တစ်စင်းနဲ့ဗြဟ္မာပြည်က အပ်တစင်းအချင်းချင်း ထိမိတိုက်မိတာကမှ လွယ်လိမ့်ဦးမယ်တဲ့
ကိုတို့တွေဟာ အဲံဒီလိုအခက်အခဲတွေကြားကပဲ လူသားအဖြစ်ကို ရလာခဲ့ကြတယ်
အဲ့ဒီလို လူသားဖြစ်နေတုန်းမှာပဲ   ကံကြမ္မာအဆက်ဆက်က တူတူ တွဲပြီးပြူလာဖူးတဲ့ ကုသိုလ်တွေ ကြောင့်လို့များပြောရမလားမသိ  မိန်းကလေးတယောက်နဲ့ ဆုံခဲ့၇တယ် အချစ်ဆိုတာကိုခေါင်းခါ
ခဲ့ဖူး မယုံကြည်ခဲ့ဖူးတဲ ကျနော် သေသေချာချာ မသိလိုက်ခင်မှာပဲ လူတယောက်ကိုချစ်မိပါတော့တယ်
ခုတော့ ကျနော် ယုံလိုက်ပါပြီ.....
အဲ့ဒီလောက်တန်ဖိုးကြီးတဲ့လူသားဘ၀ကို ကိုတို့တွေ တန်ဖိုးမထားသင့်ဘူးလား
ကဲ ဒီတော့ ဘယ်လို တန်ဖိုးထားမလည်;
ဘာတွေလုပ်ပြီးတန်ဖိုးထားမလည်း
တန်ဖိုးဆိုတာတွေကရော ဘာတွေလည်း
စူပါမားကတ်တွေမှာ ကပ်ထားတဲ နာမည်ကြီး တံဆိပ် ပစ္စည်းတွေက တန်ဖိုးတွေကို ခေါ်တာလား
မဟုတ်ပါဘူးကွယ်
တန်ဖိုးဆိုတာက
အဲ့ဒီယူတယောက် မသေခင်မှာ ဘယ်လိုပြုမူကျင့်ကျံနေထိုင်သွားတယ် သူ့ကိုယ်သူရော သူနေထိုင်ရာ ကျင်လည်ရာ ပတ်ဝန်းကျင်ဲ့ဒီထက်ကျယ်ပြန်လာတော့ မြို့ရွာ နောက် နိုင်ငံ လူမျိုး ဘာသာ ...
ဘယ်လောက်ထိအကျိုးပြုခဲ့သလည်း
သူနေထိုင်စဉ် သူ့ရဲ့ ကိုယ်ကျင့်တရား
အဲ့ဒါတွေက လူ့တန်ဖိုးတွေပေါ့

အဲ့ဒီလို မျိုးကို ယုံကြည်တယ်
အဲ့ဒီလိုလည်းကို့ဘာသာတန်ဖိုးထားခဲ့တယ်
2010 ထဲမှာပဲ ကိုတန်ဖိုးထားရမဲ့ အရာ တခုရယ် လူတယောက်ရယ်ကိုတွေ့ရှိခဲ့ရတယ်
ချစ်ခြင်းမေတ္တာ သစ္စာတရားရယ် မိန်းကလေးတယောက်ရယ် ပေါ့
ကျနော် သမိုင်းတခုကို ပြောပါပါ့မယ်...
သက္ကရာဇ် ၉၆၉ လောက်မှာ ပြည်ဘုရင် ရန်နိုင် မင်းနဲ့ အင်းဝဘုရင်အနောက်ဘက်လွန်မင်းတို့ စစ်ဖြစ်ကြတယ်
စစ်အင်အားကတော့ ကွာတာပေါ့
အင်းဝဘရင်ကတိုင်းပြည်ကိုပြန်လည်စုစည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည် ကို ၀င်တိုက်ခဲ့တယ်
အင်းဝဘုရင်နိုင်ခဲ့တယ်
တိုင်းပြည်ကိုပြန်ရောက်တော့
သူက ဒီလိုညည်းတယ်
"ပြည်ကိုတိုက်တာ ရှင်တဆူ နဲ့ လူတယောက်ပဲ ရတယ်” တဲ့

ရှင်တဆူ ဆိုတာ ပညာရှီ ပြီးအကျင့်သီလကောင်းတဲ ဆရာတော်တိပိဋကတ် တောင်ဖီလာ ဆရာတော်ဖြစ်ပြီး လူတယောက်ကတော့ မြို့ကျတာတောင် အရွယ်နဲ့မလိုက် ထိုးခုတ်တိုက်ခိုက်နေတဲ့ ပြည်မြို့ ရဲ စစ်သူကြီး ဘဟဂါမဏိ ရဲ့တူ ၁၃ နှစ်သားလေး ငထင်ငယ် ဖြစ်တယ်လေ
ကျနော်ကလည်းဆိုင်ဆိုင် မဆိုင်ဆိုင် ပြန်ပြောမယ်
ရုရှားကို လာတာ ရတာတွေကတော့ အများကြီး
ဒါပေမဲ့ တကယ်အလေးအနက်ခံစားတန်ဖိုးထားမိတာကတော့
လူတယောက်နဲ့ တစုံတရာပေါ့
လူတယောက်ကတော့................
တစုံတရာကတော့
အချစ် ဆို တဲ့ အရာပေါ့
မကြာခင်ရောက်လာမယ် 2011 မှာ ကလေးလေး ကိုယ်တိုင်အတွ့က်ရော ပတ်ဝန်းကျင်အတွက်ပါ အများအကျိုးသယ်ဆောင် နိုင်သူ ဖြူစင်တဲ့ အကျင့်ရှိသူဖြစ်အောင် ဆက်ပြီးကြိုးစားပါလို့ ...............
တဆည်တည်း ပြောချင်တာလေးတခုက >> အချစ်ဆိုတာ>> စိတ်ကိုအစင်ကြယ်ဆုံးဘာအရောင် မှမစွက်ပဲ တွေးကြည့်လိုက်တဲ့ အခါ ရင်ဘတ်ထဲက တကယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်နေတာ သေချာပြီဆိုရင် တော့ ဒါ ခင်များအတွက့် အချစ်စစ်ပေါ့ ။။ရဲရဲ ရင့်ရင့်သာ ရှေ့တိုးလိုက်ပါ ခင်များမှာ ဦးနှောက်ရှိတယ် ခြေတွေလက်တွေ ရှိတယ် နမူနာ ယူစရာ စာအုပ်တွေရှိတယ် ကိုချစ်တဲ့သူကိုပိုင်ဆိုင်ဖို့ အရေး နှောင့်နှေးမနေပါနဲ့ ချစ်တဲ သူနဲ ပေါင်းသင်းရတာလည်းမင်္ဂလာတပါးပါ သူ့ကိုလည်း ပျော် ရွှင်ပါစေ ကိုတိုင်လည်းဖြောင့်မတ်မှန်ကုန်ပါစေ .....

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်