Friday, January 7, 2011

ဒီနေ့ ဇန်န၀ါရီ 7 ရက်

ဖျော့ဖျော့လေးလွင့်လာတဲ့ လေပြေတွေကြား သူမ ရဲ့ ရနံ တချို့တလေများ ပါလာမလားလို့ ရောယောင်နမ်းရှိုက်မိတော့ လေပြည်က ကျနော်ကို ပျက်ရယ်ပြုတယ် ။ကျနော်စိတ်ကူးယဉ်နေမိတာပါ မိုင် ပေါင်း ထောင်ချီဝေးနေတဲ့ တနေရာက ရနံ့လေးတခုကို လေပြည်တွေက သယ်ဆောင်လာဖို့ဆိုတာ သူတို့ အဲ့လောက်စိတ်မရှည်ကြဘူးလေ။

တခါတရံတောလည့်း သူမဟာ မုန်တိုင်းဆန်ဆန် ပြုမူတတ်ပါတယ် လေပြေဖြစ်ဖြစ် မုန်တိုင်းဖြစ်ဖြစ်
ကျနော်ကလည်း ချစ်နေမိတာက ခက်တယ်  ...တယောက်ကိုတယောက် တကယ်ချစ်မိသွားပြီဆို ရင် မာရ်နတ်ရဲ လက်ရုံးတထောင်က ဖြန့်ကာတားဆီးထားလည်း မရနိုင်ပါဘူး တဲ့ စာရေးဆရာတယောက်ပြောခဲ့ဖူးတယ်။
ကျီကျီ ကျာကျာ အသံလေးတွေနဲ့အတူ ငှက်တချို့ အိပ်တန်းတက်ကုန်ကြပြီ  ကျနော်ကတော့မအိပ်စက်နိုင်သေးပါဘူး ကျေးငှက်ကလေးတွေအတွက်တစ်ယောက်ကို တယောက်ချစ်ခင်ကြောင်းသက်သေပြဖို့က သိပ်လွယ်လွန်းတယ် သူတို့က လူတွေလို မကောက်ကျစ်တော့ အမူအရာလေးတွေရယ် သင်္ကေတအချို့ရယ် ကျေးငှက်တို့စကားနဲ့ အနည်းငယ်ပြောလိုက်တာနဲ့ ယုံကြည်သွားကြတာပါပဲ .....
ဒါဆို ကျနော်တို့ လူသားတွေရော ရှေးရှေးက ကျောက်ခေတ် လူတချို့ကတော့ ကောင် လေးနဲ့ ကောင် မလေးဟာ အချိန်တချိန်တည်းမှာပဲ ချစ်မိသွားတတ်ကြတယ်တဲ့ တိတ်တခိုးချစ်တာမျိုးတွေ ကိုချစ်တဲ့သူ က တခြားတပါးသူကိုချစ်တာမျိုးတွေမရှိကြဘူးတဲ့ အဲ့အချိန်ကလူသားတွေဟာ မယဉ်ကျေးဘူးဆိုပေမဲ့ အကျင့်စာရိတ္တ မရိုင်းစိုင်းခဲ့ကြတော့ ချစ်ခြင်းမေတ္တာကလည်းသူတို့ကို လေးစားတယ် ထင်ပါရဲ့
ခုခေတ်ကျတော့လည်း မဟုတ်တော့ပါဘူး လူတယောက်ကို ချစ်ကြောင်းသက်သေပြရတာ ခက်ခဲလာပါတော့တယ် အစစ်တွေ ရှိနေပေမဲ့ အတုတွေက သိပ်ကို လက်ရာမြောက်လာတော့ အစစ်မှန်းခွဲရခက်လာတာပေါ့..
ခေတ်တွေ ဘယ်လိုပြောင်းပြောင်းအဟောင်းလို ကျန်နေတဲ့ တချို့အရာတွေလည်း ကျန်နေသေးတယ်ဆိုတာကို ကျနော်တစုံတယောက်ကို သက်သေပြချင်ပါတယ် ဥပမာ အခြေအနေတွေအချိန်အခါတွေ ပြောင်းလဲနေသည့်တိုင် သူမကို လေးနက်မြတ်နိုးစွာချစ်နေဆဲဆိုတာပေါ့
ဒီနေ့ သူမစိတ်ဆိုးပါတယ် အများကြီးတော့မဟုတ်ဘူး ဒါပေမဲ့ ကျနော် ခံစားရပါတယ် ကျနော် ဒေါသတွေ နဲ့ ပြောမိလို့ တော်သေးတယ် ကျနော်ံမာနကြောင့် ကျနော်ချစ်တဲ့သူကို ကျနော် မထင်မှတ်တာတွေ လုပ်မိတော့မလို့ ခနလေးစိတ်ကို ငြိမ်သက်ပြိးးတွေးမိပေလို့ပေါ့ ..ဟူးပြန်တွေးရင် ကျောချမ်းလာတယ်
အားလုံးလည်း ချစ်သူနဲ့ စိတ်ကောက်စိတ်ဆိုးကြမယ်ဆို ရင် အတ္တတွေ မာန တွေမပါပါ စေနဲ့ ဗျာ ကျနော်ပြောတဲ့ အကြောင်းအရာတွေက နဲနဲ ဟိုရောက်ဒီရောက်ဖြစ်နေတယ် ..ဆောရီးဗျာ

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်