Sunday, March 18, 2012

မေတ္တာအခြေခံသော “သစ္စာ”

               အောင်ခြင်းရှစ်ပါးတွင် တစ်ပါးပါဝင်သော........ အာဠာဝကဘီလူးမင်းအား မြတ်စွာဘုရားချွတ်တော်မူခန်းသည် ဘီလူးကြီးကိုသာ တရားရအောင် ကယ်ချွတ်သည်မဟုတ်ပါ။ အခြားသောသတ္တဝါများကိုပါ ဒုက္ခမှ ကယ်တင်နိုင်ရန် ဟောကြားသော တရားတော်များဖြစ်ပါသည်။
အာဠာဝက ဘီလူးကြီးသည် နုတ်ကြမ်း၊ကိုယ်ကြမ်းမာန်မာန ခက်ထန်သကဲ့သို့ ဈာန်တန်ခိုးလည်း အသင့်အတင့်ရှိပါသည်။
ဘီလူးကြီးသည် သူ၏ဈာန်တန်ခိုးဖြင့် ဈာန်ရရသမျော့းကိုပင် ကောင်းကင်မှ မြေပြင်သို့ ဆွဲချကာ ဓမ္မတရားတော်များကို မေးလေ့ရှိပါသည်။
တရားမေး၍ သူလိုချင်သောအဖြေမရသောအခါ ရသေ့များကို နှိပ်စပ်ပြီးမှ ပြန်လွှတ်လေ့ရှိပါသည်။
တစ်နေ့သောအခါ အာဠာဝကဘီလူးကြီးသည် မြတ်စွာဘုရားရှင်နှင့် ပက်ပင်းတိုးပါတော့သည်။ မြတ်စွာဘုရားရှင် ကလည်း အာဠာဝကဘီလူးကြီး ကျွတ်ချိန်တန်ပြီဟု သိမြင်တော်မူသဖြင် ဘီလူးကြီးရှိရာ ဘုံဗိမာန်သို့ သွားရောက်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ဘီလူးကြီးသည် မြတ်စွာဘုရားရှင်အား သူ၏ ဘုံဗိမာန်ပေါ်တွင် တွေ့မြင်လိုက်ရသောအခါ အမျက်ဒေါသခြေင်းခြောင်းထွက်၍ နည်းမျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်လေတော့သည်။ ဘုရားရှင်၏ မေတ္တာတန်ခိုးတော်ကြောင့် ဘီလူးကြီး၏ အကြိမ်းဖက်တိုက်ခိုက်မှု့များ မအောင်မြင်သော အခါ အနုနည်းဖြင့် မေးခွန်းမေး နှိပ်စက်သည့် နည်းဗျူဟာကို ယခင်နည်းတူ ပြန်လည်ကျင့်သုံးကြည့်ပြန်သည်။
                    ဘီလူးကြီးမေးသော ပထမမေးခွန်းမှာ