Sunday, March 18, 2012

မေတ္တာအခြေခံသော “သစ္စာ”

               အောင်ခြင်းရှစ်ပါးတွင် တစ်ပါးပါဝင်သော........ အာဠာဝကဘီလူးမင်းအား မြတ်စွာဘုရားချွတ်တော်မူခန်းသည် ဘီလူးကြီးကိုသာ တရားရအောင် ကယ်ချွတ်သည်မဟုတ်ပါ။ အခြားသောသတ္တဝါများကိုပါ ဒုက္ခမှ ကယ်တင်နိုင်ရန် ဟောကြားသော တရားတော်များဖြစ်ပါသည်။
အာဠာဝက ဘီလူးကြီးသည် နုတ်ကြမ်း၊ကိုယ်ကြမ်းမာန်မာန ခက်ထန်သကဲ့သို့ ဈာန်တန်ခိုးလည်း အသင့်အတင့်ရှိပါသည်။
ဘီလူးကြီးသည် သူ၏ဈာန်တန်ခိုးဖြင့် ဈာန်ရရသမျော့းကိုပင် ကောင်းကင်မှ မြေပြင်သို့ ဆွဲချကာ ဓမ္မတရားတော်များကို မေးလေ့ရှိပါသည်။
တရားမေး၍ သူလိုချင်သောအဖြေမရသောအခါ ရသေ့များကို နှိပ်စပ်ပြီးမှ ပြန်လွှတ်လေ့ရှိပါသည်။
တစ်နေ့သောအခါ အာဠာဝကဘီလူးကြီးသည် မြတ်စွာဘုရားရှင်နှင့် ပက်ပင်းတိုးပါတော့သည်။ မြတ်စွာဘုရားရှင် ကလည်း အာဠာဝကဘီလူးကြီး ကျွတ်ချိန်တန်ပြီဟု သိမြင်တော်မူသဖြင် ဘီလူးကြီးရှိရာ ဘုံဗိမာန်သို့ သွားရောက်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ဘီလူးကြီးသည် မြတ်စွာဘုရားရှင်အား သူ၏ ဘုံဗိမာန်ပေါ်တွင် တွေ့မြင်လိုက်ရသောအခါ အမျက်ဒေါသခြေင်းခြောင်းထွက်၍ နည်းမျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်လေတော့သည်။ ဘုရားရှင်၏ မေတ္တာတန်ခိုးတော်ကြောင့် ဘီလူးကြီး၏ အကြိမ်းဖက်တိုက်ခိုက်မှု့များ မအောင်မြင်သော အခါ အနုနည်းဖြင့် မေးခွန်းမေး နှိပ်စက်သည့် နည်းဗျူဟာကို ယခင်နည်းတူ ပြန်လည်ကျင့်သုံးကြည့်ပြန်သည်။
                    ဘီလူးကြီးမေးသော ပထမမေးခွန်းမှာ
.....“ လောကတွင် ဘယ်အရာသည် တန်ဖိုးအရှိဆုံးနှင့် တန်ဖိုးအကြီးဆုံး ဖြစ်ပါသနည်း ” ဟုမေးမြန်းပါသည်။ သာမန်ပုဂ္ဂိုလ်တို့စဉ်းစားမည်ဆိုပါက စိန်ရွှေရတနာ ပစ္စည်းဥစ္စာများကိုသာ တန်ဖိုးအကြီးဆုံးဟု မိမိတို့ကြိုက်နှစ်သက်သော ပစ္စည်းတစ်ခုခုဖြင့် ဖော်ပြပြောဆိုပါမည်။
သို့သော မြတ်စွာဘုရား၏ အဖြေကား သာမန်လုသားတွေ အဖြေနှင့်မတူ တမူထူးခြားနေပါသည်။ မြတ်စွာဘုရားဖြေကြားသည်မှာ “ တန်ဖိုးအရှိဆုံးဆိုသောအရာသည် သဒ္ဒါ  ဖြစ်ကြောင်း၊အဘယ်ကြောင့်ဆိုသော် လောကလူတွေ တန်ဖိုးထား အထင်ကြီးနေသည့် စည်းစိမ်ဥစ္စာရတနာများသည် ရန်သူမျိုးငါးပါးနှင့်မကင်းပါ ။ အချိန်မရွေး ဆုံးရှုံးနိုင်သည်။ ဤပစ္စည်းများကြောင့်ပင် လူတို့စိုးရိမ်ကြောင့်ကြရ၊ အလုအယက်အနှောင့်အယှက်ခံရသဖြင့် ဒုက္ခရောက်ကြရသည်။ သေလျှင်လည်း ပါမသွား၊ထားရစ်ခဲ့ရသည်။ တစ်နည်းဆိုသော် တစ်ဘ၀စာလေးကျေနပ်သယောင်ရှိသောလည်း ပစ္စည်းမှပေးသော ဒုက္ခက မိမိရရှိလိုက်သော တစ်ခဏတာ ပီတိထက် ဒုက္ခက အဆပေါင်းများစွာ သာလွန်နေပါသည်။
သဒ္ဒါဆိုသည့် ယုံကြည်ချက်မှာ ခိုင်မြဲသည်၊ ဘယ်သူမှ ခိုးယူလုယက်၍ မရနိုင်။ သဒ္ဒါဟူသည် ကေကာင်းတာပြုလျှု ကောင်းတာခံစားရမည်ဟူသော ယုံကြည်ချက်ကြောင့် ဒါနပြုလိုခြင်း၊သီလဆောက်တည်လိုခြင်း၊တရားနာလိုခြင်း စသည့် ကုသိုလ်စိတ်များ ဖြစ်ပေါ်လာရသည်။ အားကောင်းသည့် သဒ္ဒါတရားကြောင့် ဘ၀အဆက်ဆက် ကောင်းတာတွေအများကြီးခံစားကြရသည်။ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကိုရနေကြရသည်။ ထို့ကြောင့် အမြတ်ဆုံးငော ဥစ္စာသည် သဒ္ဒါပင်ဖြစ်ပါသည် ။ ဟုမြတ်စွာဘုရားရှင်က မိန့်ကြားဖြေဆိုသောအခါ အာဠာဝကဘီလူးကြိးသည် မှန်ကန်သောအဖြ၊ သူနှစ်သက်သောအဖြကိုရရှိသဖြင့် ဘာမျှမပြုလုပ်ဘဲ မေးခွန်းကိုသာဆက်မေးပါသည်။
             အာဠာဝကဘီလူးကြီး၏ ဒုတိယမေးခွန်းမှာ“ တိုးတက်ကြီးပွားအောင် ဘယ်သို့သော အကြောင်းအရာများကို ပြုသင့်ပါသနည်း“ ဟုမေးမြန်းသောအခါ မြတ်စွာဘုရားက ဖြေကြားသည်မှာ “လောကတွင် တိုးတက်ကြီးပွားလိုလျှင် သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို နိုင်ထက်စီးနင်းကြံဆောင်မယူပါနှင့်၊ သူတစ်ပါးကြီးပွားမှု့ကိုလည်း မိမိမှ ပီတိဖြစ်ပါ၊ဓမ္မဟူသော တရားသဖြင့်ကျင့်ကြံအားထုတ်ရှာဖွေသော အမှု့ကိုပြုပါ၊ မကောင်းမှု့မှန်သမျှ ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှု့အမျိုးမျိုးကိုရှာကြံပြုလုပ်ပါ။ ဤကဲ့သို့ တရားသဖြင့် ရရှိထားသော တန်ခိုးအာဏာစည်းစိမ် ဥစ္စာတို့မှာ ခိုင်မြဲပါသည်။ သံသရာတစ်လျှောက်လုံးအတွက် အထောက်အပံ့အဖြစ်ပါသွားပါလိမ့်မည်“ ဟုမြတ်စွာဘုရားရှင်က မိန့်ကြားဖြေဆိုသောအခါ ဤသည်ကိုလည်း ဘီလူးကြီး ကြိုက်နှစ်သက်လက်ခံပြီး မေးခွန်းကိုသာ ဆက်လက်မေးမြန်းပါသည်။(ကျနော်တို့သာဆို တတ်ကျမ်းတွေဖတ်ပြီး ကြီးကြီးကျယ်ကျယ် မိုးခါးရေတွေ သောက်နေမိမှာပါ)
                     တတိယမေးခွန်းကတော့ “ဘယ်သို့သော အကြောင်းအရာသည် အရာရာကို အောင်မြင်နိုင်ပါသနည်း” ဟုမေးမြန်းသောအခါ မြတ်စွာဘုရားက ဖြေကြားသည်မှာ “လောကတွင် အောင်မြင်နိုင်သည်မှာ မေတ္တာကို အခြေခံသည့် သစ္စာတရားပင်ဖြစ်သည် ။ဥပမာပြရသော် ဘုရားလောင်းငုံးမင်းသည် တောမီးကြီးလောင်၍ သူ့အား မီးဝန်းရံနေသောအခါ သစ္စာပြုပါသည်။ “ငါသည် အတောင်အလတ်မစုံသေးသဖြင့် ပျံလည်းမပျံနိုင်ပါ။ ခြေများရှိသော်လည်း နုနယ်သဖြင့် မပြေးလွှားနိုင်သေးပါ။ ငါ့မိဘများ သည်လည်း ငါ့ကိုပစ်ပြေးကြပေကုန်ပြီ၊ ဤမှန်သောသစ္စာတရားကြောင့် မီးဘေးမှ ကင်းလွှတ်ပါစေသတည်း” ဟု သစ္စာ ဆို၏။ မှန်ကန်သော သစ္စာစကားကြောင့် မီးဘေးမှ လွတ်ကင်းသွားရပါသည်။(ဤကမ္ဘာတည်သည့်တိုင် ဘုရားအလောင်း ငုံးမင်းသစ္စာပြုသည့်နေရာမှာ မီးမလောင်နိုင်သောနေရာ အဖြစ်တည်ရှိနေပါသည်။)
                       အာဠာဝက ဘီလူးကြီး၏ အမေးပုစ္ဆာများသည် လောကသတ္တအားလုံးအတွက် တန်ဖိုးကြီးမားလှသကဲ့သို့ မြတ်စွာဘုရား ဟောကြားသော တရားတော်များမှာလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် သတ္တ၀ါများအတွက် ကျေးဇူးကြီးမားလှပါသည်။
                        အာဠာဝက ဘီလူြးီ့းနျင့် မြတ်စွာဘုရားအမေးအဖြေဆုံးသောအခါ ဘီလူးကြီးလည်း မာန်စွယ်ကျိုးပြီး မာန်စွယ်ကျိုးပြီး မြတ်စွာဘုရား၏ တရားတော်များ နာကြားရသဖြင့် တရားအဆုံးတွင် သူတော်ကောင်း သောတာပန်ဖြစ်သွားပါသည် ။သူတော်ကောင်းစိတ်ဝင်ကာ တရား္ဒဓမ္မမားထုတ်ရသောကြောင့် သံသရာအတွက် အာမခံချက်ရှိသော သဒ္ဒါဆိုသည့် သုံးမကုန်သည့် စည်းစိမ်ဥစ္စာများ ရရှိသွားပါတော့သည် ။
                        ကဲ ဒီလောက်ဆို ကျနော်တို့တွေလည်း .....
၁)    လောကတွင် ဘယ်အရာသည် တန်ဖိုးအရှိဆုံးနှင့် တန်ဖိုးအကြီးဆုံး ဖြစ်ပါသနည်း
၂)    တိုးတက်ကြီးပွားအောင် ဘယ်သို့သော အကြောင်းအရာများကို ပြုသင့်ပါသနည်း
၃)    ဘယ်သို့သော အကြောင်းအရာသည် အရာရာကို အောင်မြင်နိုင်ပါသနည်း
   ဆိုသော မေးခွန်းများ ရဲ့အဖြေကို ရှင်းရှင်းလင်းလင်း သဘောပေါက်လောက်ပါပြီ
မှတ်ချက်။ ။မူရင်း>>မတ်၊၁၈ ကြေးမုံ မှ ဦးမြင့်မောင်(ရေစကြို) ၏ “ လောကတွင် ရှိသမျှ အခက်အခဲ ပြဿနာဟူသမျှကို မေတ္တာဖြင့်သာ ဖြေရှင်းအောင်မြင်ရာ၏ ”


No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်