Friday, May 6, 2011

အတိတ်

ဟိုးငယ်ငယ် ကလေးဘ၀ ကျောင်းမပြေးတတ်ခင်ကပေါ့ ထမင်းရေချောင်းစီး အမေ အဖေ တို့ အလှုကြီးလုပ်တော့ အရွယ်ရောက်လာတဲ့ အကိုကြီး မိဘတွေအလိုအရ သာသနာ့ဒါယကာ ဖြစ်ချင်ကြတာကိုဖြည့်ဆည်းပေးချင်ပေမဲ့ အကိုကြီးကိုယ်စား ကျနော်ကပဲ သင်္ကန်းစည်း အမွေခံ သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့ပါတယ် အမေ နဲ့ အဖေ တို့ပျော်တပြုံးပြုံးဆိုတော့ တတ်သိနားလည်မှု့နည်းသေးတဲ့  ကျနော်တောင် စိတ်ထဲတော့ ကျေနပ်မိတယ် ဒီလိုနဲ့ ကျောင်းတော်သားဘ၀ လူပုဂ္ဂိုလ်လေးကနေ သာသနာ့ဘောင်ပျော် ကိုရင် အကျော်လေး ဖြစ်ရပြန်ရော ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ဧ၇ိယာ ထိစပ် နီးကပ်နေတာရယ် ဘုန်းကြီးကျောင်းတွင် ကိုရင်များ နည်းပါးတာရယ်ကြောင့် ဘုန်းကြီးကျောင်းသားအဖြစ် ရံဖန်ရံခါ ဆိုသလို ဆွမ်းအလှုခံထွက်ရာ၌ လိုက်ပါရလေ့ရှိသည် ညနေ အိမ်မပြန်ခင် ဆရာတော်စွန့်သော သစ်သီးများ မုန့်များအား တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး သူငယ်ချင်းတွေ တူတူ လုစားခဲ့ကြဖူးတယ်လည်း မရိုးနိုင်ပါဘူး အဲ့လိုနဲ့ မကြာမီ ဆရာတ်ာပျံလွန်တော် မူခဲ့ပါတယ် ထင်မှတ်ထားသလိုပဲ ဘုန်းကြီးပျံပွဲဟာ စည်ကားခဲ့ပေမယ် နောက်ဆက်တွဲ ကောလဟာလတွေကြား ကလေးပီပီ စိတ်ဝင်စားခဲ့မိသေးတယ် ဘုရားပြို နားက ဥစ္စာစောင့်တဲလေးလိုလို သူတို့နေထိုင်ရာ ကျောင်းအနောက် ထနောင်းပင်အောက်လိုလိုနဲ့ ငယ်ငယ်ကတော့ ကြောက်လည်းကြောက်ခဲ့ သိလည်းသိချင်ခဲ့ တဲ့ အကြောင်းအရာတွေပေါ မန္တလေး စာသင်တိုက်တခုက ရပ်ရွာကြည်ညိုစရာဆရာတော် တပါးအား ရိုကျိုးစွာပင့်လျှောက်၍ ကျောင်းထိုင်ပေးပါရန် တောင်းပန်ခဲ့ရသည် ထိုဆရာတော် လက်ထပ်တွင် ကျနော် ကိုရင် ဖြစ်ခဲ့ရခြင်းဖြစ်သည်  အမေရိကန်သမ္မတ လင်ကွန်းကတော့ ပြောခဲ့ဖူးသည် ရေနံဆီမီးဖြင့် စာဖတ်ကာ သစ်လုံးအိမ်ဘ၀မှ ယခုလို သမ္မတ ဖြစ်လာသမျှ တွေကို နောင်ဖြစ်ဖို့ မျှော်မှန်းသမျှ တွေကို အရာရာ သူ့မိခင် ကျေးဇူးတဲ့  ..ကျနော်မငြင်းပါဘူး.. ကိုယ်တိုင်က အထက်တန်းမအောင်ခဲ့ပေမဲ့ သားသမီးအတွက် လောဘတကြီး ပညာအမွေတွေ ရအောင် တိုက်တွန်းပေးခဲ့တဲ့ တွန်းအားပေးခဲ့တဲ့ အဖေ အမေ ကျေးဇူးဟာအကျေဆပ်ဖို့ ရာခက်ခဲလွန်းလှပါတယ် စီးပွားရေးအခြေအနေ စုန်ချည်ဆန်ချည်တွေ ကြား ယောက်ကျားဖြစ်ရကျိုးနပ်အောင် သင်င်္ကန်းစည်းခွင့်ရအောင် ရှိသော စည်းစိမ်များအား မကွယ်မ၀ှက် ရုပ်ဝတ္ထုတွေ တန်ဖိုးထက် ဒါန တန်ဖိုးကိုသိနားလည်ကာ အလှူကြီးပေးလို့ ကျနော်ကို သာသနာဘောင်ပို့ပေးခဲ့သော အဖေ အမေကျေးဇူး သားဆပ်ကို ဆပ်ရမယ်ဆိုတာ သားအသက်နဲ့ တပ်ထူ အလေးအမြတ် ယူရင်း မှတ်သားထားပါသည် ။ ကိုရင် တပါး ဖြစ်ပြီးနောက် ကိုရင် ဆိုတာ ဘာအဓိပ္ပါယ် ဆိုတာ သင်ကြားပြသရင်း လောကုတ္တရာ စာပေ များအား ရည်ရွယ်ချက်ကြီးကြီး သင်ကြား ပြသပေးခဲ့သော လက်ဦး လောကုတ္တရာ ဆရာ ဟုမှတ်ယူရမည့် ဆရာတော် နှင့် ဦးဇင်းကြီးတို့ကျေးဇူးများသည်လည်းကြိးမားလွန်းလှပါတယ်အကြောင်းအမျိုးမျိုးကြောင့် ဆရာတော်ရှိရာ ကျောင်းသို့ ရှေမှောက် ဦးမခိုက်နိုင်ပေသိ အဝေးနေရာမှ အစဉ်ထာဝရ ဦးခိုက်လျက်ရှိပါသည်  ကိုရင်ဘ၀ သွားလေရာရာ ခေါ်သွားတတ်ပြီး ယုတ်စွအဆုံး သုဿန်ဇရပ် တရားဟောရာတွင် သံဝေဂလကာင်္များအား တရားနာ လူပရိတ်သတ်ရှေ့ ရွတ်ဆို စေရင်းလူုတို့အား သံဝေဂရစေရင်း မိမိအားလည်း ကိုသိုလ်တရားတိုးပွားစေခဲ့သည။် အရွယ်ငယ်ငယ်အလေးအနက်မတွေးမှတ်တတ်ပေမဲ့ ခုလို အရွယ်ရောက်လာချိန်မှာတော့ နားလည်ခံစား တတ်ခဲ့ပါပြီ ထို စဉ်အခါက မဟာဂန္တာရုံဆရာတော်ကြီး၏ သံဝေဂ လင်္ကာလေးးကတော့ ကလေးဘ၀အမှတ်တရ တွေထဲက အမှတ်တရ တခုပေါ့ .. ထိုထိုသောအကြောင်းအရာများအားပြန်လည်တွေးတောရင်း မှားယွင်းစွာတွေးခေါ် ပြစ်မှားမိသည်များအား ပြန်လည် ဦးခိုက် တောင်းပန်ရင်း အဝေးတနေရာမှ မိဘ နှစ်ပါးနှင့် ဆရာသမားအပေါင်းတို့အားရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကော်ရော် ပူဇော်အပ်ပါသည်။
ဆရာတော်ဘုရားကြီး၏ သံဝေဂလင်္ကာ-
             ငါတို့နေရာ ဤကမ္ဘာ  ၊ တဏှာအုပ်စိုးသည်။
             တဏှာစေရာ မနေသာ ဖွေရှာဆပ်ရသည်။
             ရသည့်ဥစ္စာ ၊ ချစ်သူပါ ၊ စွန့်ခွာသွားရသည်။
             တကယ့်အရေး တကယ့်ဘေး၊ ဘယ်သွေးဘယ်သား မကယ်ပြီ။
             ငါ့နှင့်ရွယ်တူ၊ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
             ခဏမစဲ အိုစမြဲ၊ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။
             ဇရာမီးတောင်၊ ကိုယ်ထည်လောင် ၊သေအောင်မြိုက်တော့သည်။
             မသေရခင် သွားလမ်းဆင် ကြိုတင်ပြင်သင့်သည် ။
             ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
             မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။