Sunday, September 18, 2011

အမျိုးအနွယ်

"သေယျော သဓမ္မော ဝိဂုဏော ၊ ပရဓမ္မော သုနိဌိတာ ။
သဓမ္မော၊ မိမိ၏အမျိုး မိမိ၏ရပ်ရွာ မိမိ၏နိုင်ငံ မိမိတို့၏ ရိုးရာယဉ်ကျေးမှု့သည်။
ဝိဂုဏော၊ ဂုဏ်မဲ့နေသည်ဟု ထင်ရစေကာမူ ။
သုနိဌိတာ၊ အဆများစွာပို၍ တိုးတက်နေသည်ဟု ထင်ရသော။
ပရဓမ္မော၊ သူတစ်ပါး အမျိုး သူတစ်ပါးရပ်ရွာ သူတစ်ပါးနိုင်ငံ သူတစ်ပါးတို့၏ ယဉ်ကျေးမှု့ထက်။
သေယျော၊ မြတ်၏ ။"
ဝိဋဋူဘအမေး ။ ။ သာဝတ္ထိပြည် ပိုင်နက်တွင် အရိပ်ကောင်းသော သစ်ပင်များးးး ရှိပါလျက် ထိုသစ်ပင်ရင်းတို့တွင် သီတင်းမသုံးပဲ
ကပိလဝတ်ပြည် ပိုင်နက်ထဲက အရိပ်ကျိုးတိုးကျဲတဲ ဖြစ်နေသော သစ်ပင်ရင်းတွင် ဘာကြောင့် သီတင်းသုံး
နေတော်မူပါသနည်း ။
ဗုဒ္ဓအဖြေ ။ ။ အရိပ်အားလုံးတို့တွင် ဆွေမျိုးတို့၏ အရိပ်သည် အေးချမ်းလှပေသည် ။


ဆရာဇော်ဂျီရေးတဲ့ ကဗျာလေးကတော့ ကျနော်တို့ကို ရှင်းရှင်းလင်းလင်းသတိပေးနေလေရဲ့
ခုထိတိုင်လည်း ဘာမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်သေးပါ ။ ဒီလိုနဲ့ပဲ မာန်တွေတင်းလိုက် ရန်တွေရှင်းလိုက်နဲ့ ။။
သြော်
လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့ ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင်၏ ။
သင်ဦးချ၍ အမျှဝေရာ
စေတီစာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း.......။