Sunday, January 30, 2011

ငြိတွယ်ခြင်း

ရင်တခုမှာ ဖြစ်တည်လာတဲ့ အလွမ်းကလည်း
ကမ္ဘာတခုစာ ထမ်းထားရသလိုပဲ
လေးလံလွန်းလှပါတယ်။
လေးမှန်းသိသိနဲ့.....
လွှတ်မချချင်မိတာကလည်း   မွေးရာပါ
ဝါသနာတခုပဲလား    ကိုယ်တိုင်တောင် မသိတော့ ။။

Sunday, January 16, 2011

အမေ

လာမည့် ဇန်န၀ါရီ ၁၉ ရက်နေ့ (ပြာသိုလပြည့်နေ့) ဆို ရင် အမေတွေကို ဂုဏ်ပြုလျက် သတ်မှတ်ခဲ့တဲ့
အမေနေ့ကို ရောက်ပြီပေါ့
အမေ လို့ ခေါ်လိုက်တိုင်း ရင်တခုလုံးငြိမ်းချမ်းအေးမြသွားစေလောက်အောင် အမေဟာ ကျနော့်ဘ၀အတွက် အေးချမ်းစေသူပါ  လူးလှိမ့်ငိုကြွေး အဆိုးအသွမ်းလေး ကျနော် က ငယ်ငယ်ကဆို အမေ့ကို သိပ်ဒုက္ခ ပေးခဲ့တာပေါ့ လိုချင်တာကို အခြေအနေ အကျိုးအကြောင်းမသိ ရယူချင်တာ ပဲသိခဲ့ဖူးတယ်
ခနခနလည်း ဂျီကျနိုင်လွန်းလို့ ပတ်ဝန်းကျင်ကတောင် အံသြယူရတယ်  ခုတော့လည်း နေလာနှင်းပျောက်သလို ပါပဲ လိမ်မာသင့်သလောက် ကျနော် အေးချမ်းစွာနေတတ်ခဲ့ပါပြီ  မနေ့က စာမေးပွဲ တွေပြီးတယ် ဒိနေ့ ဖျားရော  အကြောင်းမကြားပဲ အမေ အွန်လိုင်းကို ရောက်လာခဲ့တယ်
ကျနော်နဲ့ ကျနော့်အမေ က အဲ့လို စိတ်ချင်းဆက်နွှယ်နေကြသူတွေပါ ကျနော် အားငယ်နေပီဆို အမေ သိနေပါတယ် ကျနော်သောကရောက်နေပြီဆို အမေ စိတ်တွေ ထင့်နေတတ်ပါတယ်  အမေ့ကို ကျနော်ကြောင့် စိတ်ဆင်း၇ဲစေခဲ့မိပြီဆို ရင် အဲ့ဒီ အရာနဲံ ပတ်သက်ပြိး ကျနော်လည်း ကံမကောင်းတတတ်ပါဘူး ဥပမာ ပစ္စည်းတခု ကို ၀ယ်တာနဲ့ ပတ်သက်ပြီး အမေ့ကို စိုး၇ိမ်ကြောင့်ကြ စိတ်မချမ်းမြေ့စေခဲဖူးဆိုရင် ကျနော်လည်း အဲ့ပစ္စည်းနဲ့ ပိတ်သက်ပြိး စိတ်မပျော်၇ွှင်ရပါဘူး ဒါ ကျနော် တဖြည်းဖြည်းသိလာတဲ့ မိခင် နဲ့ သားသမီးကြားက နားလည်မှု့ ဆက်သွယ်ချက်တွေပေါ့ ဒီ ပိုစ့်လေးကိုနေထိုင် မကောင်းတဲ့ ကြားကပဲ ရေးလိုက်ရင် ဖေဖေ မေမေ တို့ကို လေးနက်စွာ ကန်တော့လိုက်ပါတယ် အဖေနဲ့ အမေ ကျန်းမာရွှင်လန်းပါစေ......(မိဘနှင့်နီးချက်ရက်ဝေးနေသောသားများနှင့် မိဘနှင့်နီးရက်နှင့် ဝေးနေသောသူများ အားရည်ရွယ်လျက်)

Wednesday, January 12, 2011

တခါက ငယ်ငယ်လေးတွေ

ကဗျာလေးတွေ ထဲက ကျနော် ကြိုက်နှစ်သက်ရာလေးတွေ အွန်လိုင်းမှာရှာပြီး တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဘ၀တွေကို ပြန်လည်တမ်းတ သွားတယ်ဆိုရင်တော့ ကျနော့် ကြောင့်မဟုတ်ဘူး ခင်များကိုယ်တိုင်က အလွမ်းဓာတ်ခံ၇ှိလို့ ဖြစ်မယ်..:P
ပထမဆုံးကဗျာလေးနာမည်က ...

ဆွမ်းအုပ်နီနီ

ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းတက်မယ်

မောင်လည်းလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်...
မင်းသုဝဏ်






သပြေသီးကောက
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီ တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့ လားကွယ်၊
မြွေနဂါးတောင် မကြောက်ဖူးကွယ်။
တို့လည်းမကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊ သွားကွယ်။
မင်းသုဝဏ်

သင်သေသွားသော်

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

ဇော်ဂျီ
If You Die
Alas, Human world, human life
Must become old, Painful-then die
This is truth.
But if you die
Your place of birth, your land
Should develop and remain
Your Nationality and language should also
Progress, be highttened and remain.
The pleasant pagoda you worshipped
And shared your merits
May the radiant truth and remarkable
knowledge
Remain bright an bright.
(Yangon. 24 September 2000 (Prince Taw Phaya Galae Aung Zae)



တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။ ။
ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း ။ ။
ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစိတ်တဝမ်း ညီစေသတည်း ။ ။
ဇော်ဂျီ




ဗေဒါလမ်း (၁၀) – ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။
ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)


သူ့ မှာတမ်း
သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။

ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။

မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။

မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။

ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။

ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။
မင်းသုဝဏ်

computer တွေ restart ကျတတ်ပါတယ် ဘာကြောင့်လည်း


Computer  တွေဘာကြောင့် တခါတရံ သူ့ဘာသာသူ အလိုအလျောက် restart ကျရပါသလည်း
ဒါဟာအကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်တတ်ပါတယ်
1-တခါတရံမှာ လိုအပ်တဲ့ ခံနိုင်ရည် အပူချိန်ထက် ပိုလာတဲအခါမျိုးတွေမှာ(overheat) အန္တရာယ်မဖြစ်အောင်ဆိုပြီး စနစ်က အလိုအလျောက် reboot လုပ်ပစ်လိုက်တာပါ ။
Application တွေအမြောက်အများ တချိန်တည်းမှာ အသုံးပြုနေတာမျိုးဟာ ပရိုဆက်ဆာကို ဖြစ်စေ hard drive ကို ဖြစ်စေ overheat ဖြစိစေပါတယ်
ကျနော်တို့ သိတဲ့ ဆော့ဝဲလေးတွေ ရှိပါတယ် အဲ့ဆော့ဝဲလေးမှာပြထားတာက တကယ်လို့ cpu  ရဲ့ အပူချိန်ဟာ 60 ဒီဂရီ စင်တီဂရိတ်ထက် သာလွန်နေပြီ ဆိုရင် အခြေအနေဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပြီဖြစ်ပါတယ် ။အဲံဒီလို temperature တွေ ဟာ စိတ်မချရတဲ့ unsafe level ကိုရောက်နေပြိဆိုရင် system က အလိုအလျောက် restart လုပ်ပစ်လိုက်ပါတယ် ။

2- နောက်တချက်ကတော့ ဟာဒ့်ဝဲ ထိန်းသိမ်းမှု ပိုင်းနဲ့ ဆိုင်ပါတယ် cpu မှာရှိနေတဲ့ heat sink ဟာတခါတရံမှာ ဖုန်တွေ  ပိတ်ဆို့နေတတ်ပြီးလေ၀င်လေထွက်ကို အနှောင့်အယှက်ပေးပါတော့တယ်  ဒါကြောင့် ပန်ကာ ရယ် ကို သန့်ရှင်းဖို့လိုအပ်ပါတယ် ဘရပ်လေးတွေ ၇ှိပါတယ် (cpu ရဲ့ heat သိသာစွာလျောကကျသွားတာကို တွေ့မှာပါ)  speedfan ဆော့ဝဲလေးကို လိုချင်ရင် တော့ ယူခုလင့်လေးမှာ ဒေါင်းနိုင်ပါတယ် http://www.almico.com/sfdownload.php
3- ဒီတခါတော့ မမ်မိုရီပေါ့
ကွန်ပျူတာ ၀ယ်ယူတပ်ဆင် ကြပြီးတဲ့နောက်ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ram(random access memory0 တွေ ထပ်မံတပ်ဆင်ကြပါတယ် သူတု့အတွက်နေရာလည်းတခါတည်း motherboard မှာ ထားပေးထားပါတယ် (နောက်ပိုင်းမျိုးဆက် မားသားဘုတ်များအားရည်ရွယ်)
ဆိုလိုတာက အဲံဒီထပ်စိုက်လိုက်တဲ့ မမ်မို၇ီကတ်တွေ ကြောင့် ကွန်ပျူတာ restart ကျ နိုင်ပါတယ်လုံလောက်တဲ့အဖြေတွေမတွေ့ရပေမဲ့ တကယ်လို့ကြုံလာခဲ့ရင် ram ချောင်းတွေ ကို ဖြုတ်ပြီး ပြန်စမ်းကြည့်ပါ
4- အချက်ကတော့ ကွန်ပျူတာမှာပါတဲ့ os ရဲံစနစ်တခု နဲ ဆိုင်ပါတယ် 

·  Click Start, then open Control Panel
·  Click Performance and Maintenance
·  Click System
·  Click on the Advanced Tab
·  Click Settings in the Startup and Recovery section
·  Uncheck Automatically Restart in the System failure section
OS ကိုလိုက်ပြီး အနည်းငယ်သာပြောင်းလဲမှု့ရှိနိုင်ပါတယ်
ကျန်တဲ့အချက်တွေကတော့ powersupply ပေါ့ စက်အမျိုးအစားကိုလိုက်ပြီး ပါဝါလိုအပ်ချက်တွေ အနည်းငယ်ကွဲပြားနိုင်ပါတယ် အများစုကတော့ 300watt ,350 watt,400watt စတာတွေပေါ့
နောက်ဆုံးမရတော့ ရင်တော့ သူ့ကြောင့်ပေါ့
ဆော့ဝဲအချို့ ရန်းတဲ့ အခါ update ပေးတဲ့အခါတွေ မှာလည်း restart ကျတတ်ပါတယ်
တခါတရံ ပရင်တာ လိုမျိုး စကန်နာ လို မျိုး hardware devices တွေ error တက်ရင်တို့ ကို့စက်နဲ့ သိပ်ပြီး compatible မဖြစ်ရင် (လိုက်လျောညီထွေမဖြစ်ရင်လည်း) ခုလိုမျိုးဖြစ်တတ်ပါတယ်

Monday, January 10, 2011

အဖေ

ဒီmovie လေးကိုကြည့်
ပြီးစိတ်ထဲ အတော် ထိခိုက်ရပါတယ် ခုလိုအမှု့ထမ်းတယောက်ဖြစ်ပြီးနောက် ကျနော်စိတ်တွေ အခါအရံမှာကြွပ်ဆတ်လာတတ်ပါတယ် တခါဆို ကျနော် အဖေ မေးတဲ့ မေးခွန်းတွေကို ကျေနပ်လောက်တဲအထိ မဖြေ ခဲပဲ့ အဖေကို ဘုဂလန့် ပြောခဲ့မိပါတယ် အသက်ကြီးလာလေလေ ခံစားရလေပါပဲ ခုတာ့လည်း ဝေးလေ ဝေးလေ ပိုပို နားလည်လာတဲ့ မိဘမေတ္တာတွေ ကို အသက်နဲ့ ထပ်တူ လေးစားမြတ်နိုးရင်း မိတ်ဆွေ အပေါင်းတို့လည်း မိဘ ကို စိတ်ရှည်သည်းခံစွာ မသေခင် ပြုစုလုပ်ကျွေးကြပါလို့ အလေးအနက် တိုက်တွန်းရင်း



ကျနော် ၃၈ ဖြာ မင်္ဂလာတရား ပို့စ်လေးကို တင်ပြီးနောက် movie ဖိုင်လေးကိုပါ http://www.dhammavideo.com/  ဆိုဒ်လေးကနေ ၇ှာဖွေပြိး တင်ပေးလိုက်ပါတယ်  အားလုံးပဲ ကြည်သာရွှင်ပြစွာနားထောင် ပြိး လေးနက်စွာ ကျင့်ကြံ ခြင်းဖြင့်  လောက ကို အလှဆင် နိုင်ပါစေလို့ ဆန္ဒပြူလျက်.. မင်းထိုက် (ကျနော့်အမည်အရင်းပါ)

၃၈ဖြာမင်္ဂလာတရားတော်များ

ငယ်ငယ်ကဆို လသာတဲညတွေ မေမေ့ရဲ့ အိပ်ရာဝင်ပုံပြင်တွေ ဘွားဘွားရဲ့ ဂျပန်တွေ နဲပတ်သက်တဲ့ အဖြစ်အပျက်တွေကြား ဘယ်လိုမှ မေ့လျော့မသွားခဲ့တာက ကျနော့် အဖေ ခနခန အလွတ်ပြန်ခိုင်းတဲ့ ဟောဒီက မင်္ဂလာတရားတော်တွေပေါ့ ..ရိုးသားစွာဝန်ခံရရင် လောဘဒေါသ မောဟတွေ အတ္တတွေ များသထက်များလားတဲ့ အရွယ်ရောက်ပြီးနောက်မှာတော့ ကျနော် အချို့အ၀က်ကဆိုလိုချက်များရော ကျင့်ကြံ၇န်ကိုပါ မေ့လျော့ခဲ့မိပါတယ် ။
အဖေ အမေ တို့ ကို ရိုသေစွာ ဦးညွှတ်ရိုကျိုးရင်း အဝေးတနေရာမှ ကျနော် ခု မင်္ဂလာတရားတွေအတိုင်း

Saturday, January 8, 2011

စကားကြီး(၁၀)မျိုး

စကားကြီး(၁၀)ခွန်း တဲ့ ရှေးရှေးက ပညာရှိတွေ ထားခဲ့တဲ့ ဆိုစမှတ်တွေပေါ့ စကားပရိယာယ်ဆိုတာ
လူမှု့ဆက်ဆံရေးနယ်ပယ်မှာအလွန်ကျယ်ပြန့်ပါတယ် စကားအရာလိမ်မာပါက တဖက်သားကို ကို့အလိုကိုလိုက်လျောစေပါတယ်   ဒါကြောင့်လည်းနုတ်ချို သျှိုတစ်ပါး ၊ စကားကျွှံ နုတ်မရ ကြမ်းကျွှံနုတ်ရ
စတဲ့ စကားပုံတွေပေါ်လာတာပေါ့  စကားအရာမှာ ကြွယ်လှတဲ့ သင်္ဂဇာဆရာတော်တို့လို့ ဦးပေါ်ဦးတို့လို
လှတောသားတွေလို လူတွေကို ကြည့်ပါ သူတို့ဟာ လူတွေကို ကောင်းသောစကားတွေ နဲ့ အသိအမြင်တွေကြွယ်ဝစေခဲ့ပါတယ် ...ရှေးရှေးက စကားကြွယ်တဲ့သူတွေ့ကိုသံတမန်အဖြစ် ခန့်အပ်ခဲ့ကြပါတယ် ယခုခေတ်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဆိုသော သူများ ပေါ့ တရုတ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့လက်ထပ်မှာ တရုတ်တွေဟာ ဆရာတော်ရဲ့ စကားပရိယာယ်ကြောင့် နောက်ဆုတ်သွားခဲ့ပါတယ် ဒါပေမဲ့ အင်္ဂလိပ်တို့၇ဲ့စကားကြောင့် ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတာ ၊ လွတ်လပ်ရေးရပြီး တိုင်းရင်းသားမျိုးနွယ်စုများတောခိုသွားခဲ့တာ ယနေ့ထိပြည်တွင်းစစ်မီးမငြိမ်းသေးတာ ဒါတွေဟာ သမိုင်းမှာမမေ့နိုင်စရာအရုပ်ဆိုးအကျဉ်းတန်မှု့တွေပါ ယနေ့ခတ်တွင်လည်း အနောက်နိုင်ငံ အတော်များများ စကားအရာဖြင့် (မီဒီယာ)ကျနော်တို့နိုင်ငံအပါအ၀င်နိုင်ငံငယ်များအားအပိုင်းပိုင်းအတစ်တစ်ဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်
  • ရေကူးညာတင်( မြစ် ချောင်းစသည်တို့ ဖြတ်ကူးသည့်အခါ ရေစီးအရှိန် နှင့် အရာဝတ္ထု တို့၏ အားဆုံတွေ့မှု သဘောတရားကြောင

အရပ်နေနည်း

အပြစ် (၈)ပါး ကင်းသောအရပ် မှာနေပါ လို့ လူကြီးသူမတွေ ခနခန ပြောဖူးကြတယ်
  • ဝေးလွန်းသောနေရာ
  • နီးလွန်းသောနေရာ
  • နိမ့်လွန်းသောနေရာ
  • မြင့်လွန်းသောနေရာ
  • လေညှာအရပ်
  • ရှေ့တည့်တည့်အရပ်
  • ဘေးတိုက်အရပ်
  • နောက်ဘက်တည့်တည့်အရပ်
လေးစားထိုက်သော လူကြီးသူမတွေနဲ့ ပဲ ဖြစ်ဖြစ် ဌာနဆိုင်ရာအမှု့ထမ်း အကြီးအကဲတွေ နဲ့ပဲဖြစ်ဖြစ် ပြောဆို ထိတွေ့ဆက်ဆံ တဲ့အခါ ဂရုပြူသင့်တဲ့....

မြတ်ဘုရားအဆုံးအမများ

အကြင်သူသည် မပြစ်မှားထိုက်သူကိုပြစ်မှားအံ့
ပြစ်မှားသည့် မကောင်းမှု့သည် ထိုသူထံသို့သာ ကျရောက်၏
လေညှာသို့ ပစ်လွှတ်သောမြေမှုန်သည် လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့တည်း
           သံယုတ်ပါဠိ ။ဖုသတိသုတ်      
  • ကရွတ်ခွေမရှိသောအိုးသည် တိမ်းစောင်းလွယ်၏
  • တည်ရာမှီရာမရှိသောစိတ်သည်  ပျံလွင့်လွယ်၏
  • စိတ်၏တည်ရာမှီရာဟူသည်ကား -

အလွမ်း

  • အိပ်ရာဘေးပြတင်းပေါက်က ...တံစက်မြိတ်ပေါ်
နှင်းတွေ ပြိုကျသံကြားတိုင်း..ကျနော့်မြို့လေးကို လွမ်းတယ် အမေ
...ဆိုင်ကယ်အရမ်းပေါတဲ့မြို့မှာနေပြီး
   ကျနော့် ကယ်ရီယာလေးကို ဖုန်သုတ်ရင်း
   အားမွေးနေရဦးမယ်
  • အမေ့ကိုပြောပြရင် ရယ်ချင်ရယ်ရဦးမယ်
ချစ်သူ...က ကိုယ်ကျပ်အင်းကျီလေးဆိုရင်
မေမေ က နှင်းကာ အင်းကျီလေးပေါ့
ဘယ်သူတွေ ခိုက်ခိုက်တုန်တုန်
ကျနော် ကတော့ လုံပါတယ်
အရင်က၀တ်စုံလေးနဲ့ပဲ နွေးနေတုန်း..
......နောင်တော်တဦးရဲ့ ကဗျာလေးပါ.....

Friday, January 7, 2011

ညက တစစ နဲ့ တိတ်ဆိတ်လာတယ်  အဆောင်ရှေ့ လူတချို့ ရဲ တစုံတရာကို သဘောကျသံ ခပ်အုပ်အုပ်ထွက်လာတယ် ဂစ်တာသံ တိုးတိုးသဲသဲ့က
လေစီးနဲ့ အတူ ကြားတချက် မကြားတချက်လွင့်ပျံလာတယ် အခန်းဖော်တချို့ ရဲ့ တခုခုကို သဘောကျသံ ကီးဘုတ်ရိုက်သံ တစုံတယောက်နဲ တိုးတိုးတိတ်တိတ် ခိုခိုးခစ်ခစ်သံတချို့ကြားရတယ်။။

ဒီနေ့ ဇန်န၀ါရီ 7 ရက်

ဖျော့ဖျော့လေးလွင့်လာတဲ့ လေပြေတွေကြား သူမ ရဲ့ ရနံ တချို့တလေများ ပါလာမလားလို့ ရောယောင်နမ်းရှိုက်မိတော့ လေပြည်က ကျနော်ကို ပျက်ရယ်ပြုတယ် ။ကျနော်စိတ်ကူးယဉ်နေမိတာပါ မိုင် ပေါင်း ထောင်ချီဝေးနေတဲ့ တနေရာက ရနံ့လေးတခုကို လေပြည်တွေက သယ်ဆောင်လာဖို့ဆိုတာ သူတို့ အဲ့လောက်စိတ်မရှည်ကြဘူးလေ။