Saturday, January 8, 2011

စကားကြီး(၁၀)မျိုး

စကားကြီး(၁၀)ခွန်း တဲ့ ရှေးရှေးက ပညာရှိတွေ ထားခဲ့တဲ့ ဆိုစမှတ်တွေပေါ့ စကားပရိယာယ်ဆိုတာ
လူမှု့ဆက်ဆံရေးနယ်ပယ်မှာအလွန်ကျယ်ပြန့်ပါတယ် စကားအရာလိမ်မာပါက တဖက်သားကို ကို့အလိုကိုလိုက်လျောစေပါတယ်   ဒါကြောင့်လည်းနုတ်ချို သျှိုတစ်ပါး ၊ စကားကျွှံ နုတ်မရ ကြမ်းကျွှံနုတ်ရ
စတဲ့ စကားပုံတွေပေါ်လာတာပေါ့  စကားအရာမှာ ကြွယ်လှတဲ့ သင်္ဂဇာဆရာတော်တို့လို့ ဦးပေါ်ဦးတို့လို
လှတောသားတွေလို လူတွေကို ကြည့်ပါ သူတို့ဟာ လူတွေကို ကောင်းသောစကားတွေ နဲ့ အသိအမြင်တွေကြွယ်ဝစေခဲ့ပါတယ် ...ရှေးရှေးက စကားကြွယ်တဲ့သူတွေ့ကိုသံတမန်အဖြစ် ခန့်အပ်ခဲ့ကြပါတယ် ယခုခေတ်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဆိုသော သူများ ပေါ့ တရုတ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့လက်ထပ်မှာ တရုတ်တွေဟာ ဆရာတော်ရဲ့ စကားပရိယာယ်ကြောင့် နောက်ဆုတ်သွားခဲ့ပါတယ် ဒါပေမဲ့ အင်္ဂလိပ်တို့၇ဲ့စကားကြောင့် ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတာ ၊ လွတ်လပ်ရေးရပြီး တိုင်းရင်းသားမျိုးနွယ်စုများတောခိုသွားခဲ့တာ ယနေ့ထိပြည်တွင်းစစ်မီးမငြိမ်းသေးတာ ဒါတွေဟာ သမိုင်းမှာမမေ့နိုင်စရာအရုပ်ဆိုးအကျဉ်းတန်မှု့တွေပါ ယနေ့ခတ်တွင်လည်း အနောက်နိုင်ငံ အတော်များများ စကားအရာဖြင့် (မီဒီယာ)ကျနော်တို့နိုင်ငံအပါအ၀င်နိုင်ငံငယ်များအားအပိုင်းပိုင်းအတစ်တစ်ဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်
  • ရေကူးညာတင်( မြစ် ချောင်းစသည်တို့ ဖြတ်ကူးသည့်အခါ ရေစီးအရှိန် နှင့် အရာဝတ္ထု တို့၏ အားဆုံတွေ့မှု သဘောတရားကြောင့် မိမိလိုရာ တည်နေရာ တဘက်ကမ်းသို့ရောက်ရန် ရေ၏ အရှိန်နူန်းပေါ်လိုက်ပြီး   တည့်တည့်ဖြတ်မကူးပဲ  ရေစီးရာအရပ်မျက်နှာ သို့အနည်းငယ် ဦးတည်ပြီး ဖြတ်ကူးရသည် သို့မှသာ ရေဆန်မတက်ရသဖြင့် သက်သာစွာ လိုရာကို ရောက်နိုင်၏) ထိုကဲ့သို့ပင်
 လူ့ဘောင်နယ်ပယ်တွင်လည်း  မိမိလိုရာ ကိုရောက်ရန် ရရန် သူတပါး၏ဦးတည်ရာကို အလိုက်သင့် မျောပါသွားပြီး ပြောတတ်ဆိုတတ်ရန်လိုသည်
  • ကောက်ပင်ရိတ်လှီး(သိုးဆောင်းလူမျိုးတွေမှာ ကောက်ရိတ်သိမ်းပွဲဆိုတာ ရှိတယ် တောရွာတွေမှာပေါ့  .စကားချပ်  ကောက်ရိတ်တဲအခါ တော်တော်များများမြင်ဖူးကြမှာပါ ကောက်ရိုးတွေ့ကိုရိတ်ပြီး ကောက်လှိုင်းစည်းတွေအဖြစ်ထောင်ထားတာကို ပေါ့ စာခြောက်ရုပ်ဆိုတာ ကျေးငှက်တွေကို ကြောက်လန့်အောင် လူတွေဖန်တီးထားတဲ့ ယာခင်းစောင့် ပေါ့ ငယ်ငယ်ကဆို ကျနော် သိပ်သဘောကျတဲ့ အရုပ်ပေါ့  ထားတော့ ။ အဲ့ဒီ ကောက်ပင်တွေ ရိတ်တဲ့အခါ ခရီးတွင်အောင်ရယ် တံစဉ်းစတာတွေနဲ့ ၇ိတ်တဲ့အခါ ပိုပြီးအဆင်ပြေရန်အတွက် လက်နဲ့ အနေတော် ကောက်ပင်များအား ဆုပ်ကိုင်ပြီး ရိတ်ဖြတ်ရပါတယ် အရေးကြီးတာက သေသပ်စွာ မိမိရရ ဆုပ်ကိုင်ထားဖို့ပါ  ဒါမှလည်း အစီအရီ ဖြစ်ပြီးခရီးတွင်မှာပါ 
ဆိုလိုတာက ပြောဆိုဆက်ဆံရာမှာ ကို့ဘက်က အပိုင်အနိုင်သေသေချာချာ  ရှိနေပြီ ဆိုတဲ့ အခါတွေမှာ ဒီလိုနည်းမျိုးကို ပြောဆိုရတာပါ အကြေအလည်ပြောဆို ဆွေးနွေးတာမျိုးထက် ပိုင်သေ တိကနဲ့ ကို့အလိုကို တပါးသူ လိုက်ပါအောင်ပြောရတာပါ ကို့ဘက်က တခုတခု နိုင်ကွက် ဒါမှမဟုတ် သေချာမှု့တခုခု ရှိမှသာအသုံးပြုသင့်ပါတယ် ။။

  • ရေစီးဖောင်ဆန်( ဒါကတော့ အကြေအလည် ပရိယာယ်ေ၀၀ှစ်တွေ ဥပမာ ဥပမေယျ တွေနဲ့ ပြော၇တာမျိုးပါ ဦးပေါ်ဦးတို့ သိပ်ကျွမ်းးးးခဲ့တဲ့ ပြောနည်းပေါ့ ဦးပေါ်ဦးရဲ့ ဒဏ်ကိုဘိုးတော်ဘုရားဆို ခနခန ခံရပါတယ်  ကျွဲနိုင်နွားနိုင် လိုမျိုး ထားတော့ ဟိုးအရင်က ဖောင်တွေကို အသုံးပြုကြပြီး ရေလမ်းခရီးတွေကို သွားတတ်ကြပါတယ် ရေစီးညင်သာတဲ့ မြစ်တွေ ချောင်းတွေကိုပေါ့  ဒီအခါမှာ ရေဆန်ကို တက်ရတာဖြစ်တဲ့ အတွက် အချိန်ကြာတတ်ပါတယ် ဒါပေမဲ့ ဇွဲ ရှိ တော့လည်း ပန်းတိုင် ကို ရောက်သွား၇တာပါ  ။။။စိတ်ရှည် ဖို့နဲ့ ဗဟုသုတ အရေးကြီးပါတယ်)...ဆက်ပါဦးမည်

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်