Saturday, May 7, 2011

ကာလာမသုတ်

မြတ်ဘုရားအား ကလာမ အနွယ်ဖွားတို့မှ ဘာသာရေးဆရာတို့၏ အယူဝါဒနှင့်ပတ်သက်၍ မိမိဘက် ကို ပါအောင် ဟောပြောချက်များ နှင့်ပတ်သက်ပြီး အမှန် အမှား မည်သို့ မည်ပုံပိုင်းခြားရမည်ကို မေးမြန်းလျှောက်ထားစဉ် မြတ်ဘုရားမှ အတိကျဆုံး အပြည့်စုံဆုံး ဖြေကြားတော်မူခဲ့ပေသော ကာလာမ သုတ်

          မြတ်ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒတရားတော်များ
အို. . .အချင်းကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒတစ်ခုကို
၁-တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့မယူကြနဲ့။
၂-ရှေးအစဉ်အလာ စကားဖြင့်လည်းအမှန်လို့ မယူကြနဲ့။
၃-ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၎-ကျမ်းဂန်နှင့်ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၅-နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၆-အကြောင်းအခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်းအမှန်လို့မယူကြနဲ့။
 ၇-မိမိတို့ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၈-လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၉-မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
          သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတည်း၊ ဤတရား
တို့သည် မပြစ်ရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိကဲ့ရဲ့အပ်သော တရား
တို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျင်၊ ဤတရားတို့ကို ဆောက်တည်လျင်
အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟု သိကြသောအခါ ဤတရားတို့ကို
ပယ်ကြကုန်လော။
         ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော
တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွှမ်းအပ်သော တရားတို့တည်း၊
ဤတရား တို့နှင့် ပြည့်စုံလျင် ၊ဤတရားတို့ကိုဆောက်တည်လျင်
အကျိုးရှိခြင်းငှါ၊ ချမ်းသာခြင်းငှါ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို
ဆောက်တည်ကျင့်သုံးကြကုန်လော ဟူ၍ ဘုရားရှင်ဟော တော်မူခဲ့ပါသည်။
ဘာသာဝါဒ မတူကြ၍၊လောကတွင်း ။ငြင်းခုံခြင်းဖြင့်၊
ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏ ၊ ၀ါဒအယူ ၊မှားခဲ့မူကား၊
ဆူဆူဗုဒ္ဓ ၊ကယ်မရသည့် ၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊
စေ့စုံဥာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ...............
(၁) တစ်ဆင့်ကြားသိ၊
(၂) မိရိုးဖလာ၊
(၃) ကောလာဟလ၊
(၄) ကျမ်စာမျှနှင့်၊
(၅)(၆) ကြံဆ၊ နည်းမှီ၊
(၇) ဆီလျော်သုံးသပ်၊
(၈) ယူချင်းထပ်၍၊
(၉) ယုံအပ်သူပဲ၊
(၁၀) ဆရာစွဲဖြင့်၊
လွှဲပုံစိတ်ချ၊မယူကြလင့်၊ဒိဋ္ဌကျင့်က၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊
မှား မှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊မျိုးကာလာမ၊ဟောာညွှန်ပြ၊
ဝါဒအယူစစ်တမ်းတည်း။ ။
ရွှေချိန်ခွင်စာအုပ်(ဦးဥက္ကဋ္ဌ)
..............

ကလေးနှင့်ခွေးရူးရောဂါ





        ရောဂါ အမျိုးမျိုးရှိသည် ကုသ၍ခက်ခဲသော ရောဂါ များ လွယ်ကူသော ရောဂါများ ကြိုတင် ကာကွာဆေးထိုးရသောရောဂါများ စသည်စသည် ဖြင့် ရောဂါအမျိုးမျိုးရှိကြလေသည် ပြောစမှတ်ပြုကြသည်ကတော့ ၉၆ ပါးသောရောဂါ များတဲ့ တနေ့တနေ့ ပေါ်ပေါ် လာသော ရောဂါ အမည်ဆန်းများ ကြား ၉၆ ပါး ကမှ ကပါ့မလားလို စိတ်ပူစွာပဲ တွေးမိပြန်တော့ လောက ကြီးရဲ့ ဟန်ချက်ညီမှု့ကို ဖျက်စီးနေတဲ့ လူးသားတွေနဲ့ နည်းပညာတွေကိုပဲ ပြေးမြင်မိတယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဖြစ်ချိန်တန်လို့ ဖြစ်ရပျက်ရတာ ကို လက်ခံနိုင်ပေမဲ့ အချိန်မတန်ခင်ပဲ ပျက်စီးနေရတဲ့ ဘ၀တွေ ဂေဟ စနစ်တွေ အတွက် ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး ဟိုနိုင်ငံ အပြစ်ဖို့ ဒိနိုင်ငံ အပြစ် ဖို့လည်း မထူးတော့ပါဘူး အဖွဲ့တွေအမျိုးမျိုးဖွဲ့ ရည်ရွယ်ချက်တွေ အမျိုးမျိုးထုတ်နေလည်း တကယ်လုပ်နေကြတာတွေနဲ့ ပြန်လည် ထိန်းသိမ်းမှု့လုပ်ငန်းတွေက ၁၀ ရေး ၁ ရေးလောက် ဖြစ်နေတော့လည်း  ရေကြီး မြေပြို ငလျင်လှုပ်တာတွေ တောမီးလောင်တာတွေ ရေခဲတောင်တွေ အရည်ပျော်တာတွေ 2012 ကမ္ဘာပျက်မယ့်အကြောင်းသတင်းထွက်လာတာတွေ  မှသည် ဗုဒ္ဓ ကျမ်းတော်လာ ကပ်ကြီး ၄ ပါးဆိုက်တာတွေ ထိ တွေးမြင်မိလာတယ် 
       ကဲပါ အကြီးကြီးတွေထားတော့ ခု တကိုယ်ရည် ဂရုစိုက်သင့်တာလေးတွေ ပြောကြည့်မယ် ။ နည်းပညာတွေအမျိုးမျိုး ထွန်းကားလာတာနဲ့ အမျှ ဆုတ်ယုတ်လာတဲ့ ကိုယ်ကျင့်တရားတွေကြား ရောဂါဘယ တွေများပြားလာတာလည်းပါလေရဲ့ ထိုအထဲကမှ ကို့နိုင်ငံ ကို့လူမျိုးကို့လိုပဲ ကြီးပြင်းလာခဲ့ရသော ကလေးငယ်ငယ် ကျောင်းနေအရွယ်လေးတွေ အတွက် ပြောပြချင်တဲ့ ရောဂါ တခု ပေါ့ ။ ၀န်ခံရရင်  ကြေးမုံ သတင်းစာ မေလ ၇ ရက်နေ့စွဲပါ ဒေါက်တာဦးခင်ရွှေ ရေးတဲ့ ခွေးရူးရော ဂါ သိကောင်းစရာ ဆောင်းပါးလေးကို ဖတ်ရင်း လူတွေ အလေးထားမကာကွယ်တဲ့ ခွေး တို့မှတဆင့် ဖြစ်တတ်တဲ့ ခွေးရူးရောဂါ အကြောင်း စိုး၇ိမ်တကြီး ပြောပြချင်မိတာပါ။
      ကျနော်တို့ ငယ်ငယ်ကပေါ့ ကျောင်းတက်ကျောင်းဆင်း ဟိုကန် ဒီကန် လူကြီးတွေ မျက်စိနောက် ခွေးတွေ မျက်စိနောက်အောင် တလမ်းလို့ ပြည့်အောင် လမ်းလျှောက်ခဲ့ဖူးတယ် ခွေးတွေကလည်း သိပ်ကြည့်မရတော့ ဟောင်တာပေါ့ အဲ့ဒီတော့ ကြောက်သယောင် ယောင် လူက လုပ်ပြရင် ခွေးများက ဆင့်တိုးပြီး ထိုးးဟပ်တတ်ပါတယ် အဓိကက ခွေးရူးမဖြစ်ဖို့ပါ ခွေးကောင်း ခွေးရူး ကို ခွဲခြားသိနိုင်ပေမဲ့ ဖြစ်စ ခွေးရူးအချို့မှာ အမြင်ဖြင့်သိနိုင်ရန် ခက်ခဲပါတယ် ပုံမှန်အားဖြင့်တော့ လျှာ တန်းလန်း ထုတ်ပြီး သွားရေတမျှားမျှားဖြင့်   ဘေးဘယ်ညာာ မကြည့်ပဲ ရှေ့တူရှူသို့သာ ကြည့်လျက် ခေါင်းငိုက်စိုက်ကာ ပြေးလွှားနေတတ်ပါသည် တအူအူလည်း အော်နေတတ်ပါသည် ။ လက်ပံပွင့် ချိန် ခွေးရူးချိန် ဟို  ပြောတတ်ကြသည် အထူးသဖြင့်တော့ ခွေးသားပေါက်တတ်သော ရာသီ တွင် ခွေးရူးများ အဖြစ်များတတ်သည် လမ်းသွားလမ်းလာ နှင့် ခွေးလေ ခွေးလွှင့်များ ဂရုစိုက်သင့်သည်။ ခွေးကိုက်ခံရပါက အမြန်ဆုံး ဆေးခန်းသွားကာ တတ်သိနားလည်သူ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူး ရောဂါ ကာကွယ်ဆေးကို ဆေးပတ်လည်သည် အထိ ထိုးဖို့ မမေ့ပါနဲ့ ဆေးအလုံးရေများသဖြင့် ကြောက်စရာ မလိုပါ ကြောက်ရမည်မှာ ထို သို့ ဆေးမထိုးပဲ နေသဖြင့် ခွေးတကောင်ကဲသို့ အော်မြည်ရကာ အလွန်ထိတ်လန့် ကြောက်ရွံ့ဖွယ်အသက်ဆုံးရှုံးရမည်ကိုသာ ကြောက်ရွှံ့ပါ။
      ယခုခေတ် မိဘ များလည်း သားသမီးများအား ကျောင်းသွားကျောင်းပြန် များနှင့် လမ်းပေါ် အသွားအလာများ ၈ရုစိုက်ရန် မှာကြားသင့်သည် မြန်မာတို့ သဘောသဘာဝ အရ သားသမီးများအား အကြောင်းအကျိုး ဆုံးမသွန်သင် လိုစိတ်နည်းသည် ဗုဒ္ဓဘာသာ များဟို ဆိုသော်လည်း သားသမီးများ အား ဆိုဆုံးမရာတွင် အမိန့်ဆန်ဆန် ဆုံးမလေ့ရှိသည် သို့ကြောင့် သားသမီးများ အရည်အသွေးများ တိမ်ကော သွားတတ်သည် နိုင်ငံအတော်များများတွင် ကလေးများအား အလွန် အလေးထားသည်ကို တွေ့ရသည်  အဘယ်ကြောင့်ဆိုသော် ထိုသူတို့ သိသည့်နားလည်သည့်အချက်ရှိသည် ထိုအရာကတော့ နောင် လူကြီး ဖြစ်လာမယ်ံ ထို လူငယ်များ ၏ အရည်အချင်း အတွေးအခေါ် များကို မူတည်ပြီး နိုင်ငံ လူမျိုး ဘာသာ သာသနာ ပြောင်းလဲမှု့တိုးတက်မှု့ ဆုတ်ယုတ်မှု့ တွေ ဖြစ်ပျက်မည်ဆိုတာပင်။ ကလေးများအား ငယ်ငယ်ကပင် ပွေ့ချီချော့မြူမှု့နည်းသည် ။လက်တွန်းလှည်းများဖြင့်သယ်ဆောင် သွားတတ်ပြီးလမ်းလျှောက်နိုင်စပြုပါကလည်း လမ်းလျှောက်စေပြီး ကလေးငယ်များအား ကိုယ်အားကို ကိုးလိုစိတ် များ ငယ်ငယ်ကပင် မွေးမြူထိန်းကျောင်းပေးသွားခြင်းဖြစ်သည် ကျန်းမာရေးလိုက်စားမှု့နှင့်ပတ်သက်၍ လည်း  စာသင်ကျောင်းများတွင် သင်တန်းအမျိုးမျိုး ထားရှိပြီး လေ့ကျင့်သင်ကြားပေးခြင်း မြို့ တွင်းနေရာ အတော်များများတွင် ကလေးများအတွက် ပန်းခြံ နှင့် ကစားကွင်းများ ထားရှိပေးခြင်းတို့ ကို  တွေ့ရသည်  နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ကောင်းသော အချက်များကတော့ ကလေးများဟာ ကိုယ်ပိုင် အစွမ်းအစကို ယုံကြည်လာနိုင်ပြီး အရည်အသွေးတွေ တိုးတက်လာသည့်အလျောက် ထပ်မံ တီထွင်ဆန်းသစ်လို စိတ်များ တိုးပွားကာ လောကီ အရေးများတွင် တိုးတက်လာလေသည။် ဆုတ်ယုတ်မှု့ အဖြစ် ဘာသာရေးတွင် မိမိကိုယ်ကို ယုံကြည်မှု့လွန်ကဲသော သဘာဝ အလျောက် ကံကံ၏ အကျိုးတရားတို့အားယုံကြည်မှု့အားနည်းလာသည့်အလျှောက် ယဉ်ကျေးမှုဆိုသည်ကို  တလွဲယူဆကာ  မိဘ သားသမီးကြား တွယ်တာမှု့၊ အပြန်အလှန် ထိန်းကျောင်းမှု့၊ ကူညီခြင်းနှင့် သနားကြင်နာ ခြင်းများ ခေါင်းပါးလာကြလေပြီ ။ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ဖို့ အင်မတန် အရေးကြီးလေသည် ။
         ထားတော့ ကျနော်ပြောချင်တာက ထိုထိုသော ကလေးငယ်များ၏ အနာဂါတ်ဟာ မိဘ တို့၏ ထိန်းကျောင်းနိုင်မှု့အပေါ်တွင် ရာခိုင်နုန်းအတော်များများမှီတည်နေလေ သည် ။ သို့ ကြောင့် ကလေးငယ်များအား အသေအချာဂရုစိုက်ထိန်းကျောင်းရင်း ထိုသောခွေးရူးရောဂါ အန္တာရယ်အား အသေအချာ ကာကွယ်သွားပါရန် လေးနက်စွာ တိုက်တွန်းလိုက်ရသည် ။ သက်ဆိုင်ရာမှလည်း ပိုင်ရှင်မဲ့ ခွေးများအား စီမံချက် တခုထုတ်ပြီး ခွေးလေးများအတွက်လည်း အန္တာရယ်မဖြစ်အောင် လူတို့လည်း ဘေးကင်းအောင် ဆောင်ရွက်သင့်ပါကြောင်း ။
   ချစ်ကြည်စွာဖြင့်…….