Saturday, May 7, 2011

ကာလာမသုတ်

မြတ်ဘုရားအား ကလာမ အနွယ်ဖွားတို့မှ ဘာသာရေးဆရာတို့၏ အယူဝါဒနှင့်ပတ်သက်၍ မိမိဘက် ကို ပါအောင် ဟောပြောချက်များ နှင့်ပတ်သက်ပြီး အမှန် အမှား မည်သို့ မည်ပုံပိုင်းခြားရမည်ကို မေးမြန်းလျှောက်ထားစဉ် မြတ်ဘုရားမှ အတိကျဆုံး အပြည့်စုံဆုံး ဖြေကြားတော်မူခဲ့ပေသော ကာလာမ သုတ်

          မြတ်ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒတရားတော်များ
အို. . .အချင်းကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒတစ်ခုကို
၁-တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့မယူကြနဲ့။
၂-ရှေးအစဉ်အလာ စကားဖြင့်လည်းအမှန်လို့ မယူကြနဲ့။
၃-ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၎-ကျမ်းဂန်နှင့်ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၅-နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၆-အကြောင်းအခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်းအမှန်လို့မယူကြနဲ့။
 ၇-မိမိတို့ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
 ၈-လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၉-မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
          သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတည်း၊ ဤတရား
တို့သည် မပြစ်ရှိသောတရားတို့တည်း၊ ဤတရားတို့သည် ပညာရှိကဲ့ရဲ့အပ်သော တရား
တို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျင်၊ ဤတရားတို့ကို ဆောက်တည်လျင်
အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟု သိကြသောအခါ ဤတရားတို့ကို
ပယ်ကြကုန်လော။
         ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော
တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွှမ်းအပ်သော တရားတို့တည်း၊
ဤတရား တို့နှင့် ပြည့်စုံလျင် ၊ဤတရားတို့ကိုဆောက်တည်လျင်
အကျိုးရှိခြင်းငှါ၊ ချမ်းသာခြင်းငှါ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို
ဆောက်တည်ကျင့်သုံးကြကုန်လော ဟူ၍ ဘုရားရှင်ဟော တော်မူခဲ့ပါသည်။
ဘာသာဝါဒ မတူကြ၍၊လောကတွင်း ။ငြင်းခုံခြင်းဖြင့်၊
ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏ ၊ ၀ါဒအယူ ၊မှားခဲ့မူကား၊
ဆူဆူဗုဒ္ဓ ၊ကယ်မရသည့် ၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊
စေ့စုံဥာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ...............
(၁) တစ်ဆင့်ကြားသိ၊
(၂) မိရိုးဖလာ၊
(၃) ကောလာဟလ၊
(၄) ကျမ်စာမျှနှင့်၊
(၅)(၆) ကြံဆ၊ နည်းမှီ၊
(၇) ဆီလျော်သုံးသပ်၊
(၈) ယူချင်းထပ်၍၊
(၉) ယုံအပ်သူပဲ၊
(၁၀) ဆရာစွဲဖြင့်၊
လွှဲပုံစိတ်ချ၊မယူကြလင့်၊ဒိဋ္ဌကျင့်က၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊
မှား မှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊မျိုးကာလာမ၊ဟောာညွှန်ပြ၊
ဝါဒအယူစစ်တမ်းတည်း။ ။
ရွှေချိန်ခွင်စာအုပ်(ဦးဥက္ကဋ္ဌ)
..............

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်