Friday, January 7, 2011

ညက တစစ နဲ့ တိတ်ဆိတ်လာတယ်  အဆောင်ရှေ့ လူတချို့ ရဲ တစုံတရာကို သဘောကျသံ ခပ်အုပ်အုပ်ထွက်လာတယ် ဂစ်တာသံ တိုးတိုးသဲသဲ့က
လေစီးနဲ့ အတူ ကြားတချက် မကြားတချက်လွင့်ပျံလာတယ် အခန်းဖော်တချို့ ရဲ့ တခုခုကို သဘောကျသံ ကီးဘုတ်ရိုက်သံ တစုံတယောက်နဲ တိုးတိုးတိတ်တိတ် ခိုခိုးခစ်ခစ်သံတချို့ကြားရတယ်။။

ဒီနေ့ ဇန်န၀ါရီ 7 ရက်

ဖျော့ဖျော့လေးလွင့်လာတဲ့ လေပြေတွေကြား သူမ ရဲ့ ရနံ တချို့တလေများ ပါလာမလားလို့ ရောယောင်နမ်းရှိုက်မိတော့ လေပြည်က ကျနော်ကို ပျက်ရယ်ပြုတယ် ။ကျနော်စိတ်ကူးယဉ်နေမိတာပါ မိုင် ပေါင်း ထောင်ချီဝေးနေတဲ့ တနေရာက ရနံ့လေးတခုကို လေပြည်တွေက သယ်ဆောင်လာဖို့ဆိုတာ သူတို့ အဲ့လောက်စိတ်မရှည်ကြဘူးလေ။