Tuesday, April 5, 2011

ညရယ်..လရယ် ကြားက ကျနော့်အလင်း

ကျနော့်ရဲ့လရောင်လေးကတော့ မိုင်လေးထောင်ကျော်အဝေးမှာပေါ့ ခုလောက်ဆို ကျနော့်အကြောင်းတွေးချင်တွေးနေပါလိမ့်မယ် ဒါမှမဟုတ် ခရီးသွားဟန်လွှဲ ရောက်တတ်ရာရာ သီချင်းလေးတွေညည်းကောင်းညည်းနေနိုင်ပါတယ် သီချင်းညည်းနေရင်း ဖျတ်ကနဲ့ ကျနော့်စကားတွေကို သတိရပြီး အပိုတွေ ကိုအိုဗာတင်းကြီး လို့ ရေရွတ်မိပါလိမ့်မယ် အတွေးထဲကသူ့စကားက နုတ်ဖျားက ထွက်လာတာကိုသိလိုက်တော့ ယောင်ယောင်လေး သူမလက်ဖ၀ါးလေးတွေနဲ့ သူမနုတ်ခမ်းလေးတွေကို အလျင်စလိုထိကပ်လိုက်ပါလိမ့်မယ် ...ဘယ်လိုပဲဘယ်လောက်ပဲ လောကကြီးကလှတယ်ပြောပြော ညရဲ့အမှောင်ရယ် လရဲ့ အရောင်ရယ်ထက် ရှက်ရိပ်မပြယ့်တပြယ် ကျနော်ချစ်သူရဲ့ အရောင်က ကျနော့်မှာရှိသမျှအမှောင်တွေကို လင်းလက်သွားစေပါတော့တယ်။။။။။။။။။။။။
ချစ်သူရယ်.....
                ကိုလေ ဘယ်လိုပဲ မင်းအနားမှာအလွှာပါးပါးလေးလောက်တောင် မခြားနားပဲ နေချင်တယ်ဆိုပေမဲ့လည်း  မင်းခစားရယ်လို့ဖြစ်လာတော့လည်း .....ဆန္ဒကို အသိတွေ သတိ တွေနဲက ထိန်းနေရတာဆိုတော့  မင်းရှိရာအရပ်မှာ    ငါပျော်မှာမှန်ပေမဲ့ တာဝန်အရတော့
တော်ရာ ဒီအရပ်လေးမှာပဲ အခိုက်အတန့်တော့နေနေရဦးမယ်....
ကျနော်ချစ်လှစွာသောသူမအတွက်ကိုယ်တိုင်ရေးကဗျာ...........................(သို့)
အက်ဆေး