Tuesday, May 3, 2011

Chemical Elements





ငယ်ငယ်ကတော့အလှည့်ကျ ဒြပ်စင်ဇယားအဖြစ် မှတ်မှတ်ရရ အက်တမ်နံပါတ်၂၀ ဖြစ်တဲ့ကယ်လ်စီယမ်(calcium) အထိ atomic number တွေရယ် အမျိုးအမည်တွေရယ်အလွတ်ကျက်ခဲ့ဖူးတယ် ပထမဆုံး periodic table ကိုတော့ရုရှားလူမျိုး Dmitri Mendeleev ရုရှားလို Дмитри Менделеев က 1869 ခုနှစ်မှာ ကမ္ဘာသိ ချပြခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ institute အဆင့်ရှိတဲ့တက္ကသိုလ်တခုကိုသူ့အမည်ဖြင့်ဂုဏ်ပြုခေါ်ဝေါ်စေခဲ့ပါတယ် မကြာခဏလည်းသူတို့တွေအဲ့ဒီရှာဖွေတွေ့ရှိသူအကြောင်းကို တခုတ်တရ ပြောဆို ကြပါတယ် ရိုးသားစွာဝန်ခံရရင် တီထွင်သူတော်တော်များများကို ကျနော်တို့တွေ မမေ့မလျော့မဟုတ်တောင် အနည်းငယ်တော့ ကြားဖူးကြပါတယ် ယခု တီထွင်သူကိုတော့ လုံးဝမကြားဖူးခဲ့သလိုပဲ တော်တော်အားနာဖို့ကောင်းပါတယ် (တနည်း အနောက်နိုင်ငံအချို့ရဲ့မရိုးသားမှု့တွေလားဒါမှမဟုတ် တချိန်က ကွန်မြူနစ်ဖြစ်ခဲ့ဖူး ရုရှားနိုင်ငံ ရဲ့ အခြေအနေ တချို့ကြောင့်လား ကျနော်ကိုယ်တိုင်က သူ့နာမည်ကို မေ့လျော့လောက်အောင်ညံ့ဖျင်းခဲ့တာလား တခုခုတော့ တခုခုပေါ့ )
ယခုတော့ဒြပ်စင်ပေါင်း(၁၁၂)ခုပေါ့ ထပ်လည်းတွေ့တယ်လို့ ကြားပါတယ် ကျနော်အထင်တော့ ဒီစကြာဝဠာတွေဂြိုလ်တွေထဲမှာ နောက်ထပ် အမြောက်အများရှိနေနိုင်ပါသေးတယ် …ပထမဆုံးဒြပ်စင်ကတော့ အက်တမ်နံပါတ် - ၁ ဟိုက်ဒရိုဂျင်
အမည် - ဟိုက်ဒရိုဂျင်
အမျိုးအစား- အငွေ့
အက်တမ်နံပါတ် -၁
အက်တမ်အလေးချိန်- ၁.၀၀၇၉၄u(အက်တမ် အလေးချိန်ကို အင်္ဂလိပ်အက္ခရာ amu (atomic mass unit)နဲ့ယခင်ကသတ်မှတ်ထားတာပါ1968 လောက်ထိပေါ 1803 မှာJohn Dalton က စတင်ပြီးအက်တမ်အလေးချိန်ကို ကိုစတင် တွေ့ရှိခဲ့လို သူ့နာမည် Da ကိုလည်း ယူနစ်အဖြစ်သုံးပြုခဲ့ပါသေးတယ်)
အရည်ပျော်မှတ် -၂၅၉.၁၄စင်တီဂရိတ်
အရည်ဆူမှတ် - ၂၅၂.၈၇စင်တီဂရိတ်
ပရိုတွန်နှင့်ီလက်ထရွန်အရေအတွက် - ၁လုံးစီ
နူထရွန်- မရှိ
အုပ်စုအမျိုးအစား - သတ္ထုမဟုတ်သော
သိပ်သည်းခြင်း - ၀.၀၈၉၈၈ g/cm
အရောင်- မရှိ
အနံ့-မရှိ
ဟိုက်ဒရိုဂျင်ကို ဘယ်ကနေ ရနိုင်ပါသလည်း ဘယ်နေရာတွေမှာအသုံးပြုကြပါသလည်း acid ကရတာ၇ှိတယ် base ကရတာရှိတယ်  litmus စက္ကူ အပြာကနေ အနီပြောင်း ရင် acid အနီရောင်မှ အပြာရောင်ဆို base ဆိုတာ သိခဲ့ဖူးတယ် ..ဆိုတော့ကာ laboratory မှာတော့ ခုလို ဒြပ်စင်၂ခုဓာတ်ပြုတာကနေ ရနိုင်တယ်..
Zn + 2 H+Zn2+ + H2
2 Al + 6 H2O + 2 OH → 2 Al(OH)−4 + 3 H2    

Organic chemistry  ကိုနားလည်ရင်တော့ အခေါ်အဝေါ် အမျိုးအစားတွေသိမယ်
စက်မှု့လုပ်ငန်းတွေမှာတော့ ရေနွေးငွေ့ အင်ဂျင် ကြီးတွေမှာ မီသိမ်းနဲ့ ကာဘွန်မီးသွေးတို့ ဓာတ်ပြုတာကနေ ဟိုက်ဒရိုဂျင် ကိုရတယ်
CH4 + H2O → CO + 3 H2
ကာဗွန်မိုနောက်ဆိုဒ်နဲ့ ရေနဲ့ပေါင်းတာကနေ လည်းရတယ်
CO + H2OCO2 + H
မီသိမ်းဓာတ်ငွေ့၂ဆ အောက်ဆီဂျင်ဓာတ်ငွေ့၁ဆ ကို ရောနှောဓာတ်ပြုရင်လည်း ရတယ်
2 CH4 + O2 → 2 CO + 4 H2
အရိုးရှင်းဆုံး မီးသွေးကိုရေနဲ့လောင်းတော့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေထွက်တာပေါ့ဗျာ မကောင်းဘူးနော်သူတို့က အသက်ရှူုကျပ်တယ် မီးလောင်ရင်ပဲကြည့်လေ အကျိုးသိပ်မပေးတဲ့ အငွေ့ပေါ့ :P
C + H2O → CO + H2

လောင်စာများသန့်စင်သည့်နေရာ ဟင်းသီးဟင်းရွက်များ အခဲဖြစ်အောင်ပြုလုပ်ခြင်း၊တို့တွင်ဟိုက်ဒရိုဂျင်ကိုပေါင်းထည့်ပေးရပါသည် ဒါကြောင့် ရော့ကတ်အင်ဂျင်တွေမှာသိပ်သုံးလို့ ကောင်း်တယ် ရေဒီယိုဓာတ်သတ္တိ လိုမျိုး ဓာတု အဆိပ်သင့်မှု့တွေတော့မရှိပေဘူး သူ့ကို ရှူရိုက်တာများလာရင် အသက်အန္တရာယ်စိုးရိမ်ရတယ် ပေါက်ကွဲမှု့ သိပ်ပြင်းထန်တယ် အမေရိကန်သမ္မတ ရော်နယ်ရေဂင်လက်ထပ်က ထင်တယ် ဟိုက်ဒရိုဂျင် ဗုံး တလုံးကို ကျွန်းတခုပေါ်မှာ စမ်းသပ်ဖောက်ခွဲတယ် ကျွန်းတခုလုံးပျောက်သွားလို့ အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တယ် နူကလီးယားဗုံးက ရေဒီယိုသတ္တိ ကြွရောင်ခြည်တွေပျံနံမှု့ကနေ လူတွေကို ထိခိုက်စေတယ် သူကတော့ အဟုန် အရှိန်သိပ်ကြီးမားတယ် အခြေခံချက်လေးတွေကွာတယ်
အဓိကကတောလေထဲမှာ အများစုရှိတယ် တောမီးလောင်ခြင်းကဲသို့ကနေ တောနေသတ္တ၀ါတွေကို အန္တာရယ်ဖြစ်စေတယ် ရေနေသတ္တ၀ါတွေကိုတော့ သက်ရောက်မှု့မရှိနိုင်ပါ