Wednesday, May 4, 2011

အနမ်း

နဖူးပြင်ထက် နွေးထွေစာသက်ပြန်တော့
နှစ်သိမ့်အားပေး မိတ်ဆွေ အနမ်းတဲ့ ။
 ပါးမို့မို့ပေါ် ရိုးရာဆန်ဆန် နမ်းမိပြန်တော့
ချစ်ခြင်းသရုပ် ထုတ်ပြတာတဲ့။
နုတ်ခမ်းနှစ်လွှာ ထိစပ်ချိုအေး အနမ်းပေးတော့
သေတာရှင်မကွာ အနမ်းဖလှယ်တာ တဲ့ ။
ရင်ချင်းအပ်လို့ ပါးတဖက်စီ အပ်မိပြန်တော့
ဥရောပဆန်ဆန် ဟိုဒီသွားလာ နုတ်ဆက်တာတဲ့။
အနမ်းအမျိုးမျိုး အကိုးအကား
ရိုးရိုးသားသားဝန်ခံရရင် ဘာရယ်မဟုတ် ခနတဖြုတ်ဖြစ်စေ
သူမပါးပြင်ထက် ငြင်သာသိမ့်နွေး ခပ်ဖွဖွလေးမွှေးချင်တယ်။