Friday, January 7, 2011

ညက တစစ နဲ့ တိတ်ဆိတ်လာတယ်  အဆောင်ရှေ့ လူတချို့ ရဲ တစုံတရာကို သဘောကျသံ ခပ်အုပ်အုပ်ထွက်လာတယ် ဂစ်တာသံ တိုးတိုးသဲသဲ့က
လေစီးနဲ့ အတူ ကြားတချက် မကြားတချက်လွင့်ပျံလာတယ် အခန်းဖော်တချို့ ရဲ့ တခုခုကို သဘောကျသံ ကီးဘုတ်ရိုက်သံ တစုံတယောက်နဲ တိုးတိုးတိတ်တိတ် ခိုခိုးခစ်ခစ်သံတချို့ကြားရတယ်။။
လူတစ်ယောက်ကို လူတယောက်က ဘယ်ရွေ့ဘယ်မျှအထိ လွမ်းဆွတ်နေနိုင်ပါသလည်း။ သူမ ဘယ်အချိန်မှစတင်ပြီး ကျနော်ရှိရာသို့ချဉ်းကပ်နေခဲပါသလည်း သေသေချာချာသတိမထားမိခင်မှာပဲ မြဲမြံလာတဲ့သံယောဇဉ်တွေကြား တခုတည်းသောအဖြေက "အချစ်"တဲ့  တခါတခါလည်း ဘာမဟုတ်တဲ့ သာမန် စကားသံလေးတွေကို နေလိုလလို ကြီးကျယ်သယောင် မှတ်ထင်နေမိတယ် သူနဲ့ ဆုံဆည်းခဲ့ရတာ သူ့ကို ခုလို မြင့်မြတ်စွာ ရိုကျိုးစွာ ချစ်မိသွားတာကိုပဲ ကို့ဘာသာ စစ်ပွဲအောင် စစ်သူကြီးတယောက်လို လေးနက်နေမိတယ်
အချစ်ဆိုတာ လူတယောက်ကို ရိုကျိုးသွားစေပါတယ် ...လေးနက်သွားစေပါတယ် ဖြူစင်သွားစေပါတယ်  ...အဲ့လိုသာဆိုရင် ခင်များအချစ်ဟာ တကယ့် ကောင်းသောအချစ်ပေါ့
အဲံလိုမဟုတ်ပဲ အချစ်ကြောင့် ရိုင်းစိုင်းသွားတယ် ၀င့်ကြွားသွားတယ် ညစ်ထေးသွားတယ် ဆိုရင် ဒါဟာ ကျနော်တို့သိထားတဲ ကျနော်တို့ ယုံကြည်ထားတဲ့ အချစ်မဟုတ်နိုင်ဘူး

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်