Sunday, May 8, 2011

သူလိုကိုလို

သူလို ကိုလို လွမ်းမောတဲအခါ အိမ်ရှိရာကို ခြေဦးလှည့်ချင်ပေမဲ့ ကိုယ့်အိမ်ပြန်လမ်းကို.. ကိုမပိုင်သောအခါ
သူလိုကိုလို ကြင်သူရှိပေမဲ့  ကို့ရင်ခွင်ပန်းကို နမ်းဖို့ရာ အလှမ်းဝေး နေသောအခါ
သူလိုကိုလို  လသာသာအောက် ချစ်သူ ပါးပြင်ပေါ် ရောက်တတ်ရာရာ ကျီစယ်ဆော့ကစားချင်ပေမဲ့ လရောင်နဲ့ဝေး ညအမှောင်တောင် မငေးနိုင်သောအခါ
သူလိုကိုလို ဘူးသီးကြော်အတူစား ဦးချစ်ဆိုင်အတူသွား ကျောင်းတော်ရဲ့ သက်တော်ရှည် သစ်ပုတ်ပင်တွေကြား ကြင်သူနဲ့အတူ ပြေးလွှားဆော့ကစားချင်ပေမဲ့  သေနတ်ကိုဖက် ကျားသစ်ချောင်းတက်နေရသောအခါ
သူလိုကိုလို ပူအမျှ အေးအတူ အယူ အပေးဘာမှ မတွေးပဲ ရိုးရိုးလေးပဲ နေချင်ခဲ့လည်း ပြိုင်ပွဲအသီးသီး ဘွဲ့ အကြီးကြီးတွေကြား မိုးခါးရေပေါ် အာရုံရောက် မှောက်မှားသောစိတ်ထား တို့ အဖြူရောင်တွေ လျော့ပါးလာသောအခါ
.....
ဆက်ရေးဖို့..ကြိုးစားနေတယ် ..ချစ်သူကိုလည်း လွမ်းတယ်
အမေ့အိမ်ကိုလည်းလွမ်းတယ်

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်