Saturday, January 8, 2011

မြတ်ဘုရားအဆုံးအမများ

အကြင်သူသည် မပြစ်မှားထိုက်သူကိုပြစ်မှားအံ့
ပြစ်မှားသည့် မကောင်းမှု့သည် ထိုသူထံသို့သာ ကျရောက်၏
လေညှာသို့ ပစ်လွှတ်သောမြေမှုန်သည် လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့တည်း
           သံယုတ်ပါဠိ ။ဖုသတိသုတ်      
  • ကရွတ်ခွေမရှိသောအိုးသည် တိမ်းစောင်းလွယ်၏
  • တည်ရာမှီရာမရှိသောစိတ်သည်  ပျံလွင့်လွယ်၏
  • စိတ်၏တည်ရာမှီရာဟူသည်ကား -
  1. ကောင်းမြတ်သော အကြံအစည်    
  2. ကောင်းမြတ်သောအပြုအမူ
  3. ကောင်းမြတ်သောအားထုတ်မှု့
  4. မှန်ကန်သောအမြင်
  5. မှန်ကန်သောစကား
  6. မှန်ကန်သောအသက်မွေးမှု့
  7. မှန်ကန်သောဆင်ခြင်အောက်မေ့မှု့
  8. ကောင်းမြတ်သောတည်ကြည်မှု့
(ဤအင်္ဂါရှစ်ပါးသည်သာ စိတ်၏တည်ရာမှီရာပင်တည်း)
                          မဟာဝဂ္ဂသံယုတ် ။ ကုမ္ဘသုတ်
 
မိုး(၄)မျိုး
  1. ချုန်းလျက် မရွာ
  2. ရွာလျက် မချုန်း
  3. မချုန်း မရွာ
  4. ချုန်းရွာ ရွာသား
လူ(၄)မျိုး
  1.  ပြောသာပြောတတ်၍ မလုပ်တတ်သောသူ
  2. လုပ်သာလုပ်တတ်၍ မပြောတတ်သောသူ
  3. ပြောလည်းမပြောတတ် လုပ်လည်းမလုပ်တတ်သောသူ
  4. ပြောလည်းပြောတတ် လုပ်လည်းလုပ်တတ်သောသူ 
(တစ်နည်း)
  1.  အမှောင်မှလာ၍ အမှောင်ကိုသွားသူ
  2. အမှောင်မှလာ၍ အလင်းကို သွားသူ
  3. အလင်းမှလာ၍ အမှောင်ကိုသွားသူ
  4. အလင်းမှလာ၍ အလင်းကိုသွားသူ  
 အလိုရမ္မက်ကြီးသောသူကို ဥစ္စာပေးကမ်းခြင်းဖြင့်နှစ်သက်ရာ၏
ဂုဏ်မာန်ခက်ထန်သူကို နှိမ့်ချခြင်းဖြင့်နှစ်သက်စေရာ၏
မိုက်မဲသောသူကို အလိုလိုက်ခြင်ဖြင့် နှစ်သက်စေရာ၏
ပညာရှိသူကို မှန်သောစကားဆိုခြင်းဖြင့် နှစ်သက်စေရာ၏  ။။ 
                      

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်