Wednesday, January 12, 2011

computer တွေ restart ကျတတ်ပါတယ် ဘာကြောင့်လည်း


Computer  တွေဘာကြောင့် တခါတရံ သူ့ဘာသာသူ အလိုအလျောက် restart ကျရပါသလည်း
ဒါဟာအကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်တတ်ပါတယ်
1-တခါတရံမှာ လိုအပ်တဲ့ ခံနိုင်ရည် အပူချိန်ထက် ပိုလာတဲအခါမျိုးတွေမှာ(overheat) အန္တရာယ်မဖြစ်အောင်ဆိုပြီး စနစ်က အလိုအလျောက် reboot လုပ်ပစ်လိုက်တာပါ ။
Application တွေအမြောက်အများ တချိန်တည်းမှာ အသုံးပြုနေတာမျိုးဟာ ပရိုဆက်ဆာကို ဖြစ်စေ hard drive ကို ဖြစ်စေ overheat ဖြစိစေပါတယ်
ကျနော်တို့ သိတဲ့ ဆော့ဝဲလေးတွေ ရှိပါတယ် အဲ့ဆော့ဝဲလေးမှာပြထားတာက တကယ်လို့ cpu  ရဲ့ အပူချိန်ဟာ 60 ဒီဂရီ စင်တီဂရိတ်ထက် သာလွန်နေပြီ ဆိုရင် အခြေအနေဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပြီဖြစ်ပါတယ် ။အဲံဒီလို temperature တွေ ဟာ စိတ်မချရတဲ့ unsafe level ကိုရောက်နေပြိဆိုရင် system က အလိုအလျောက် restart လုပ်ပစ်လိုက်ပါတယ် ။

2- နောက်တချက်ကတော့ ဟာဒ့်ဝဲ ထိန်းသိမ်းမှု ပိုင်းနဲ့ ဆိုင်ပါတယ် cpu မှာရှိနေတဲ့ heat sink ဟာတခါတရံမှာ ဖုန်တွေ  ပိတ်ဆို့နေတတ်ပြီးလေ၀င်လေထွက်ကို အနှောင့်အယှက်ပေးပါတော့တယ်  ဒါကြောင့် ပန်ကာ ရယ် ကို သန့်ရှင်းဖို့လိုအပ်ပါတယ် ဘရပ်လေးတွေ ၇ှိပါတယ် (cpu ရဲ့ heat သိသာစွာလျောကကျသွားတာကို တွေ့မှာပါ)  speedfan ဆော့ဝဲလေးကို လိုချင်ရင် တော့ ယူခုလင့်လေးမှာ ဒေါင်းနိုင်ပါတယ် http://www.almico.com/sfdownload.php
3- ဒီတခါတော့ မမ်မိုရီပေါ့
ကွန်ပျူတာ ၀ယ်ယူတပ်ဆင် ကြပြီးတဲ့နောက်ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ram(random access memory0 တွေ ထပ်မံတပ်ဆင်ကြပါတယ် သူတု့အတွက်နေရာလည်းတခါတည်း motherboard မှာ ထားပေးထားပါတယ် (နောက်ပိုင်းမျိုးဆက် မားသားဘုတ်များအားရည်ရွယ်)
ဆိုလိုတာက အဲံဒီထပ်စိုက်လိုက်တဲ့ မမ်မို၇ီကတ်တွေ ကြောင့် ကွန်ပျူတာ restart ကျ နိုင်ပါတယ်လုံလောက်တဲ့အဖြေတွေမတွေ့ရပေမဲ့ တကယ်လို့ကြုံလာခဲ့ရင် ram ချောင်းတွေ ကို ဖြုတ်ပြီး ပြန်စမ်းကြည့်ပါ
4- အချက်ကတော့ ကွန်ပျူတာမှာပါတဲ့ os ရဲံစနစ်တခု နဲ ဆိုင်ပါတယ် 

·  Click Start, then open Control Panel
·  Click Performance and Maintenance
·  Click System
·  Click on the Advanced Tab
·  Click Settings in the Startup and Recovery section
·  Uncheck Automatically Restart in the System failure section
OS ကိုလိုက်ပြီး အနည်းငယ်သာပြောင်းလဲမှု့ရှိနိုင်ပါတယ်
ကျန်တဲ့အချက်တွေကတော့ powersupply ပေါ့ စက်အမျိုးအစားကိုလိုက်ပြီး ပါဝါလိုအပ်ချက်တွေ အနည်းငယ်ကွဲပြားနိုင်ပါတယ် အများစုကတော့ 300watt ,350 watt,400watt စတာတွေပေါ့
နောက်ဆုံးမရတော့ ရင်တော့ သူ့ကြောင့်ပေါ့
ဆော့ဝဲအချို့ ရန်းတဲ့ အခါ update ပေးတဲ့အခါတွေ မှာလည်း restart ကျတတ်ပါတယ်
တခါတရံ ပရင်တာ လိုမျိုး စကန်နာ လို မျိုး hardware devices တွေ error တက်ရင်တို့ ကို့စက်နဲ့ သိပ်ပြီး compatible မဖြစ်ရင် (လိုက်လျောညီထွေမဖြစ်ရင်လည်း) ခုလိုမျိုးဖြစ်တတ်ပါတယ်

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်