Wednesday, January 12, 2011

တခါက ငယ်ငယ်လေးတွေ

ကဗျာလေးတွေ ထဲက ကျနော် ကြိုက်နှစ်သက်ရာလေးတွေ အွန်လိုင်းမှာရှာပြီး တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဘ၀တွေကို ပြန်လည်တမ်းတ သွားတယ်ဆိုရင်တော့ ကျနော့် ကြောင့်မဟုတ်ဘူး ခင်များကိုယ်တိုင်က အလွမ်းဓာတ်ခံ၇ှိလို့ ဖြစ်မယ်..:P
ပထမဆုံးကဗျာလေးနာမည်က ...

ဆွမ်းအုပ်နီနီ

ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းတက်မယ်

မောင်လည်းလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်...
မင်းသုဝဏ်






သပြေသီးကောက
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီ တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့ လားကွယ်၊
မြွေနဂါးတောင် မကြောက်ဖူးကွယ်။
တို့လည်းမကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊ သွားကွယ်။
မင်းသုဝဏ်

သင်သေသွားသော်

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

ဇော်ဂျီ
If You Die
Alas, Human world, human life
Must become old, Painful-then die
This is truth.
But if you die
Your place of birth, your land
Should develop and remain
Your Nationality and language should also
Progress, be highttened and remain.
The pleasant pagoda you worshipped
And shared your merits
May the radiant truth and remarkable
knowledge
Remain bright an bright.
(Yangon. 24 September 2000 (Prince Taw Phaya Galae Aung Zae)



တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။ ။
ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း ။ ။
ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစိတ်တဝမ်း ညီစေသတည်း ။ ။
ဇော်ဂျီ




ဗေဒါလမ်း (၁၀) – ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။
ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)


သူ့ မှာတမ်း
သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။

ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။

မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။

မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။

ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။

ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။
မင်းသုဝဏ်

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်