Monday, December 27, 2010

ယနေ့

ကျောင်းကလည်း ပိတ်ထားတောာ့ စိတ်တွေကလည်းအားနေတယ် ဘာရယ်မဟုတ် ဟိုသွား ဒီသွားနဲ့  အင်တာနက်ပေါ် မှာ အာရုံတွေ ဖြန့်ကျက် ကစားမိတော့ အမျိုးမျိုးသော လူတွေရဲ့ ကွဲပြားသော အတွေးတွေ အရေးတွေ အထင်အမြင်တွေ အယူအဆတွေ ကိုတွေ့ရ မြင်ရ ကြားရ ဖတ်ရ ပြန်တယ် ။
ဖတ်ရင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်ရမောရတာလည်းရှိတယ်( ဥပမာ ကိုသေသေချာချာသိထား
တဲ့ အကြောင်းအရာတခုကို တစုံတယောက်က အလွဲလွဲအချော်အချော်ပြောပြနေတဲ့အခါ) ။
စိတ်တွေ အလေးလေးအလံလံနဲ့ သက်ပြင်းချမိတဲအခါတွေလည်းရှိရဲ့  ဥပမာ။ ။တ
ိုးတက်ဆန်းပြားလာတဲ့ နည်းပညာ ဆိုတာတွေ ပစ္စည်းကိရိယာတွေ လက်နက်တွေ ယာဉ်တွေ အဲ့ဒါတွေနဲ့ အတူတူတွဲလျက် သိမြင်လိုက်ရတဲ့ လူသားတွေ (၀ါ) သက်ရှိတွေ အတွက် ဆုတ်ယုတ်ပျက်ယွင်းလာတဲ့ ကိုယ်ကျင့်တရားတွေ  တဆက်တည်း ဟန်ချက်ညီနေတဲ့ သဘာဝတရားအပေါ် လူသားတွေရဲ့ မသိနားမလည်စွာရော သိနားလည်ရက်နဲ့ပါ
အဆိုးဘက်သို့ ပြောင်းလဲရန်အားထုတ်နေမှု့တွေ.....အပူအားအရမ်းကြီးတဲ့ နည်းပညာတွေ တီထွင်ဖန်တီးလာမှု့ (နူကလီးယားဗုံးဖောက်ခွဲမှု့  ရေဒီယိုဓာတ်သတ္တိကြွပစ္စည်းများ ပိုမိုစွန်ပစ်လာမှု့ ဖျော်ဖြေမှု့ ပစ္စည်းတွေ အပေါ် တပ်မက်စွာ ပိုမိုတိုးတက်ထုတ်လုပ်လာမှု့ ....)

No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်