Wednesday, April 13, 2011

အ၀ါရောင်ပိတောက်ပန်းတွေကြားကအဖြူရောင်ဆုတောင်း

 
တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားတိုင်းပျော်ရွှင်ရတဲ့ ပွဲဖြစ်သလို တယောက်စီတိုင်းရဲ့ စိတ်တွေလည်းအပြည့်အ၀ ကြည်နူးကြရတဲ့ ပွဲတော်တခုပေါ့ ပညာတော်သင်လာရောက်စဉ်မှာကိုယ့်နိုင်ငံရဲ့ ပွဲတော်တွေအကြောင်းကိုသူတို့ဘာသာစကားနဲ့ တမြတ်တနိုးပြောရတာလည်း
ပြောလို့မ၀ လောက်အောင် ကြားလို့မရိုးလောက်အောင်ကို ပီတိ ဖြစ်မိတယ် ဒါပေမဲ့လည်းရိုးသားစွာဝန်ခံရရင် သင်္ကြန်ပွဲတော်ကို သူတပါးတွေလို မဟုတ်ပဲ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေမနည်းတော့ပါဘူးလေ တိတိကျကျဆိုရရင် 2002 ပညာသင်နှစ် အကုန် အဖေတို့ ပြောပြောနေကျ ညောင်ညိုပင်လမ်းခွဲ ဆိုတဲ့ တက္ကသိုလ်ဝင်တန်းကြီးအောင်မြင်ပြီးကတည်းကနေခုချိန်အထိပေါ့
ဘယ်လိုပဲ ကျနော်တကိုယ်တည်း အခြားအခြားသူတွေလို အတူတူ ၀င်ရောက်မနွဲနိုင်ပေမဲ့ စိတ်ထဲမှာတော့ ယဉ်ကျေးမှု့နဲ့ မြတ်နိုးတန်ဖိုးထားတဲ့ အလေ့အထလေးတွေကို နှစ်သက်သဘောကျမိနေတုန်းပါပဲ သက်ကြီးကန်တော့ပွဲလိုမျိုးတွေ ဘုရားဆင်းတုများအား ရေသပ္ပာယ်တာမျိုးတွေပေါ့ ...ပြောင်းလဲလာတဲ့ ရာသီဥတု သဘာဝတွေ အလေ့အထတွေနဲ့ အတူ ယဉ်ကျေးမှု့အချို့လည်း အရောင်စွန်းလာတယ် ၀တ်ပုံစားပုံတွေက လိုအပ်တာထက်ကို ပိုမို လှစ်ဟလာကြတယ် အသက်၂၅ ရှိစ လုငယ်တယောက် ဖြစ်တဲ့ ကျနော်တောင် အဲ့တာတွေကို မသာယာမိပဲ ပင့်သက်မောတွေ ခနခန ချမိတယ် ဘာဖြစ်ဖြစ်လေ အ၀တ်အစားတွေပြောင်းလဲလာပေမဲ့ အကျင့်စာရိတ္တတွေဖြောင့်မတ်ကျပါစေ လို့ ဆုတောင်းမိပါတယ် နိုင်ငံ အနေအထားကလည်း တပ်မတော်မှ အရပ်သားအစိုးရသို့ အုပ်ချုပ်မှု့အာဏာလွှဲအပ်ချိန် ဘာတွေ ဖြစ်လာမလည်းဆိုတာကို တွေးနေမိတာလည်း ခနခနပဲ အကောင်းဘက်ကို အမြဲတမ်းမျှော်လင့်နေမိပေမဲ့ အဆိုးတွေကိုလည်းမြင်မြင်နေတော့ စိတ်မကောင်းဘူး ကို့အတွက်ကို မတွေးကြပါနဲ့ဗျာ တတ်နိုင်သလောက် မာနတွေ အြုငိုးတွေ အတ္တတွေ မာန်တွေ လျှော့ချကြပါ လို့ တိုက်တွန်းချင်ရဲ့ ကဲပါလေ စေတနာတွေမှန်ကုန်ရင်တော့ ဗြဟ္မစိုရ်တရားလေးပါးနှင့် ပြည့်စုံသော ပြည်သူရယ် မင်းကျင့်တရားဆယ်ပါးနှင့်အုပ်ချုပ်သော မင်းရယ် ဖြောင့်မတ်သော မင်းခစားတွေရယ် ကမ်းနှင့်လှေ တွေ့သလို အမြန်ဆုံး ဆုံတွေ့နိုင်ပါစေလို့ နှစ်သစ်ဆုတောင်း တခုကို လေးလေးနက်နက် ဆုတောင်းလိုက်ပါတယ် ... ပြည်သူတွေငြိမ်းချမ်းလို့ တိုင်းပြည်လည်းသာယာဝပြောပါစေ..သာသနာတော်ဖြူစင်စွာတည်ငြိမ်ပါစေ

1 comment:

ပြောလိုသည်များ ကို ပြောစေလိုပါသည်