Tuesday, May 10, 2011

Microsoft Word သင်ခန်းစာများ

သင်ခန်းစာ ၁ Microsoft Word 2007 မိတ်ဆက်
Microsoft wordဆိုတာword processing software packageတခုပါသင်ဟာ ဒါကို စာစီစာရိုက် ခြင်း၊စာတမ်းရေးသားခြင်း၊နှင့်အခြားသော လုပ်ငန်းတွေအတွက်သုံးနိုင်ပါတယ်။ ကျနော်ရှာရင်းတွေ့ထားတဲ့ lessons တွေကို ဘာသာပြန်ထားခြင်းပဲ ဖြစ်ပါတယ် ကျောင်းမှာတော့ အနည်းအကျဉ်း သင်ရပါတယ် နောက်ဆုံးနှစ်စာတမ်းအတွက်ရည်ရွယ်ပြီးပေါ့ တကယ်တော့ 2007 Microsoft  Office ကို ရန်းပြီး တရင်းတနှီးသုံးနေရင်တော့ အသုံးချပုံကို နားလည်သွားမှာပါ ဒီသင်ခန်းစာဟာလည်း 2007 version ကိုအခြေခံတာပါ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်စက်မှာ ရန်းထားနိုင်တာကလည်း အဲ့ဒီ version ပဲဗျ အလကားရတာပဲ ရန်းထားနိုင်တယ် ၀ယ်ရရင် မလွယ်ဘူးဗျ ခုတော့ 2010 တောင် ထွက်ရှိနေပါပြီ ဘာပဲပြောပြော version တွေပြောင်းသွားပေမဲ့ တခုအပေါ်တခုအခြေခံသွားတာဆိုတော့ ဆင့်ကဲဆင့်ကဲ နားလည်တတ်သိသွားမှာပါ
      ကဲစပီဆိုတော့ ပထမဆုံး office 2007 ဖွင့်၊အောက်ပါပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်

မော်နီတာအရွယ်အစားတွေ  display လုပ်နိုင်စွမ်းတွေ၊သင်ရဲ့ text စကားလုံးနှင့် image ပုံဆိုဒ်တွေအရ ယခုလိုအတိအကျတော့ မြင်ချင်မှမြင်ရလိမ့်မယ် ပိုကြီးတဲ့ text တွေ image တွေမြင်ချင်ရင် တော့ မော်နီတာဟာ resolution ကောင်းမှဖြစ်မယ် ထားပါ ဒါကတော့။xp,vista နဲ့seven တွေမှာ အဲ့ဒီ  အရွယ်အစားကာလာတွေက ပြောင်းလဲလို့ရပါတယ် မိမိနဲ့ အဆင်ပြေသလိုပေါ့ မဟုတ်ရင် အမြင်အာရုံကိုထိခိုက်စေနိုင်ပါတယ်
ပထမဆုံးကျနော်တို့အခေါ်အဝေါ်လေးတွေ ပြောပြထားလိုက်မယ် ဒါမှမေးလို့ ပြန်ဖြေရင်လည်းထည်ထည်ဝါ၀ါ လေးဖြစ်သွားတော့မပေါ့ ။
1-Microsoft office button

ခုအောက်မှာပြထားတဲ့ပုံလေးကိုတော့ ပင်မမိုက်ခရိုဆော့ အော့ဖစ် ရဲ့button ကြယ်သီလေးပေါ့ဗျာသူ့ကို အဓိက အသုံးပြုရမှာပါ ဖိုင်အသစ်ခေါ်တာ ဖိုင်တွေသိမ်းဆည်းတာ ဖိုင်တွေကို ဖွင့်တာ ပိတ်တာ ဖိုင်တွေကို မေလ် mail , fax တွေနဲ့ ပို့တာ၊ ပရင်တာနဲ့ ကွန်ရက်ချိတ်ပြီး  ပရင်တာနဲ့ ကွန်ရက်ချိတ်ပြီးဖြစ်စေ ကိုယ်ပိုင်ပရင်တာကနေဖြစ်စေ print ထုတ်တာ ၊ အခြားသောformat တွေအားဖြင့်သိမ်းဆည်းတာ (ဥပမာ .pdf အမျိုးအစား နှင့်အခြား) နှင့် မိမိကိုပိုင် ဘလော့များတွင် publish ပုံနှိပ်ခြင်းတွေ.. အများကြီးပါပဲ။သူဟာ အပေါ်ဘယ်ဘက်ထောင့်မှာရှိပါတယ်
2- The quick access tool bar
နောက်တခုကတော့ အမြန်ဆုံးချဉ်းကပ်နိုင်သော tool တွေစုစည်းထားသော bar ပေါ့  သင်လက်ရှိသုံးပြုနေမှု့ များအတွက် command များဆီသို့ ချဉ်းကပ်နိုင်ပါတယ်ဖိုင်သိမ်းတာ၊ နောက်ပြန်သွားတာ ရှေ့သွားတာတွေပေါ့

3-The title bar
သူကတော့ လက်ရှိ ကျနော်တို့ လုပ်နေတဲ့ document ကြီးရဲ့ ခေါင်းစဉ်ကို ပြောတာပါ ဟိုအပေါ်ဆုံးမျာရှိတယ် The quick access tool bar ရဲ့ညာဘက်ပေါ့ ဖိုင်သိမ်းချိန်မှာတော့ မိမိနျစ်လိုရာ နာမည် ပေးပြီးသိမ်းနိုင်ပါတယ် ဖိုင်အမျိုးအစားကတော့ Word document အဖြစ်ပေါ့

4-The Ribbon
သူကတော့ အစုံလင်ဆုံး tool bar ပါပဲ သူ့ထဲမှာ အတော်များများပါပါတယ် အောက်မှာပုံဖြင့်ဖော်ပြထားပါတယ် ဖောင့်အကြီးအသေးတွေ စာလုံးအရောင်တွေ  ပုံတွေ ဇယားတွေထည့်သွင်းခြင်းတွေ လင့်ခ် ချိတ်ခြင်းတွေ view တွေ format တွေ အမှတ်စဉ်မှာ အခြားသော ပုံ လေးတွေထည့်တာတွေ အကိုးအကားတွေ ပြီးတော့ ညီမျှခြင်းတွေအတွက် အပေင်း အနုတ် အမြှောက် အစားကနေ သင်္ချာဆိုင်ရာ တော်တော်များများသင်္ကေတ တွေပေါ့

5-The Ruler

သူကတော့ သင့်ရဲ့ documentကိုလျှင်မြန်စွာ format တွေ ပြောင်းဖို့အတွက်သုံးပါတယ် ပုံမှန်တော့သူက လုလုံးပြလေ့မရှိပါဖူး သူ့ကို မြင်ချင်ရင်တော့..
1-click view tab
2-check ruler box (ပုံဖြင့်ပြထားပါတယ်)

6-The text area
Rulerရဲ့အောက်မှာရှိပါတယ် ဧရိယာ အကျယ်ကြီးကတော့ text area ပါပဲ မိမိစတင်ရိုက်လိုသော နေရာတွင် cursor ကိုချပါ

7-The verticals and horizontal bar
သူတို့တွေကိုတော့ သိရလွယ်ပါတယ် မိမိမြင်လိုသော စာကြောင်းစာပိုဒ် အရ သူတို့အားအသုံးပြု ရွှေ့လျားသွားနိုင်ပါတယ်
8-The status Bar
သူကတော့ ဟိုးအောက်ဆုံးမှာရှိနေပါတယ် စာမျက်နှာအရေအတွက်တွေ စာလုံးအရေအတွက် နှင့် အခြားသော သတင်းအချက်အလက်တွေပေးပါတယ်။နောက်ထပ် စာကြောင်းအရေအတွက်တွေ ကောလန်တွေ စသော အချက်တွေကို display ပြစေချင်ရင်တော့ status bar meny မှာ သွားပြီးရွေးချယ်ပေးဖို့လိုပါတယ်။ status bar ပေါ်မှာ right click ထောက်ပြီး မိမိ ပြစေလိုသော tool ရှေ့က box လေးမှာ check ပေးဖို့ လိုပါတယ်

9-Understanding Document views
 Word 2007 မှာတော့ မိမိ ရည်ရွယ်ချက်ပေါ်လိုက်ပြီး view အမျိုးမျိုးပြောင်းလဲကြည့်ရှုနိုင်ပါတယ်
1.    1-Draft(အသုံးအများဆုံးပါ လျှင်စွာ editing တွေ လုပ်ဖို့ သုံးပါတယ်
2.    2-web Layout(browser –internet explrer တွေမှာ ဘယ်လို viewမျိုးမြင်ရမလည်းသိနိုင်ဖို့)
3.    3-Print Layout(ပရင့်ထုတ်မဲ့ အခြေအနေ ထွက်လာမဲ့ ပုံသံကိုသိဖို့)
4.    4-Full Screen Reading (ပိုပြီးသက်သောင့်သက်သာ ဖတ်ရှု့နိုင်ဖို့အတွက် ဒီ layout ကိုသုံးပါတယ်)
5.    Outline Layout (အဓိကအချက်အလက်တွေကိုသာဖော်ပြစေတာမျိုး၊ခေါင်းစဉ်ကိုသာဖော်ပြစေချင်တာမျိုး အတွက်)
10-Understanding and non-printing characters
ပရင့်ထုတ်တဲ့အခါတွေမှာ မဖော်ပြပါဘူး တကယ်တမ်းတော့ တည်ရှိနေပါတယ် သူတို့တွေကတော့
Character
Denotes
Denotes a tab�
A tab 
   .
A space
   ¶
The end of a paragraph
Denotes Hidden Text
Hidden text
သူတို့ကိုမြင်နိုင်ဖို့အတွက်
1-Home tab ကိုရွေးပါ(ဟိုးဘယ်အပေါ်ထောင့်က ခလုတ်အကြီးကြီးကိုပြောတာပါ)
2-show/hide button ကိုကလစ်ပါ ပုံမှာပြထားပါတယ် အဲ့သင်္ကေတ လေးကတော့ -

Sample
ဥပမာလေးတခုနဲ့စကြည့်မယ် =rand() လို့ ရိုက်ပြီး enter ခေါက်လိုက်ရင် word မှ အောက်ပါ စာပိုဒ် ၃ခုကို ဖန်တီးပေးပါတယ်။သူတို့ကိုသုံးပြုပီးသင်..လေ့ကျင်နိုင်ပါတယ်။
On the Insert tab, the galleries include items that are designed to coordinate with the overall look of your document. You can use these galleries to insert tables, headers, footers, lists, cover pages, and other document building blocks. When you create pictures, charts, or diagrams, they also coordinate with your current document look.
You can easily change the formatting of selected text in the document text by choosing a look for the selected text from the Quick Styles gallery on the Home tab. You can also format text directly by using the other controls on the Home tab. Most controls offer a choice of using the look from the current theme or using a format that you specify directly.
To change the overall look of your document, choose new Theme elements on the Page Layout tab. To change the looks available in the Quick Style gallery, use the Change Current Quick Style Set command. Both the Themes gallery and the Quick Styles gallery provide reset commands so that you can always restore the look of your document to the original contained in your current template.
ဒီအောက်သင်ခန်းစာတွေကတော့ data တွေကို ဘယ်လို ရွေးချယ်မယ် ဘယ်လိုဖန်တီးမယ် ဆိုတာကို ပြောပြသွားပါမယ်။ arrow key တွေ click လုပ်တာတွေနဲ့ dragging  လုပ်ခြင်းအားတို့ကို လိုသလို သုံးရပါတယ်
Arrow key လေးခုကတော့ သူညွှန်ပြရာအတိုင်း အပေါ် အောက် ဘယ် ညာ ရွှေ့လျားဖို့ပါ။
မောက်စ်ကတေ့ ကလစ် လုပ်ခြင်းနဲ့ dragging လုပ်ပြီး select လုပ်ဖို့ပါပဲ

လေ့ကျင့်ခန်း ၁
Data များ select လုပ်ရာမှာ ကီးဘုတ်မှ ကီးများကိုသုံးပျြုနိုင်သလို မောက်စ်ကိုလည်းသုံးနိုင်ပါတယ် ကီးဘ်ုတကို သုံးရာမှာတော့shift + arrow keys  များကိုသုံးပြီး တလုံးချင်း ဘယ်ညာ ဖြစ်စေ အပေါ်အောက် စာကြောင်းလိုက်ဖြစ်စေ ရွေးချယ်နိုင်ပါတယ်။
မောက်စ်ကို သုံးတာကတော့ပို သက်သောင့်သက်သာရှိမှာပါ သုံးပြုတတ်မှာပါ။
Select ထားသည်များအား cancel ဖို့ အတွက်တော့ စာပိုဒ်မှ ပြင်ပ တနေရာတွင် ကာဆာ ကို ချပေးပါ ။
ကာဆာကို နေရွာရွှေတာကတော့ မောက်စ် နဲ့ ဘယ်ကလစ်နဲ့ ကို ရွှေ့ချင်တဲ့ နေရာကို ချပြီးဖြစ်စေ ကီးဘုတ်မှ မောက်စ်ကိုသုံးပြီးဖြစ်စေ ကာဆာကို နေရာထားနိုင်ပါတယ်။
လေ့ကျင့်ခန်း ၂
Arrows keys
1.Use the down arrow key to move down your document
2. Use the up arrow key to move up your document
3. Use the right arrow key to move to the rght your document
4. Use the left arrow key to the left your document
Cursor
အပေါ်မှာရေးခဲ့ပီး။
Execute Commands with keyboard shortcuts
ဥပမာ ကျနော်တို့က Ctrl+b ကိုနှိပ်မယ်ဆိုရင် ဒါဟာ bold ဖောင့်များအားလိုင်းအထူများအဖြစ် command ပေးတာပါ
Start a new Paragraph
Enter ကီးကို ကလစ်ပါ အလိုလို နောက်စာပိုဒ် တခု ရောက်သွားပါလိမ့်မယ် ကာဆာ သွားချနေစရာမလိုပါဘူး
လေ့ကျင့်ခန်း ၃
ပိတ်ခြင်းနှင့် သိမ်းဆည်းခြင်း
1.Microsoft Office button ကို ကလစ်ပါ save မယ့်ပုံစံ menu ပေါ်လာပါလိမ့်မယ်
2.အောက်ဆုံးက ကြက်ခြေခတ်သဏ္ဋန်လေးကို ကလစ်ပါ exit word ဆိုတာကိုပေါ့(ညာအောက်ထောင့်)
3. Do you want to save changes to Document 1 ဆို ပီးပေါ်လာရင် yes ကို နှိပ်ပြီး save နိုင်ပါတယ် ပထမဆုံး အဲ့ဖိုင်ကို save တာဆိုရင်တော့ ဘယ်နေရာမှာ save မယ် ဘယ်လိုနာမည် ပေးမယ် ဆိုတာမေးပါတယ် အဲ့လိုမဟုတ်ပဲ တနေရာမှာရှိပြီးသား ဖိုင်ကို ပြုပြင်ပြောင်းလဲမှု့လုပ်ပြီး ပြန်သိမ်းဆည်းတာ ဆို ရင်တော့ အဲ့လိုတွေ မေးနေမှာမဟုတ်ပဲ မူလ ထိုနေရာမှာပဲ ပြောင်းလဲမှု့တွေကို ပါ သိမ်းဆည်းသွားမှာဖြစ်ပါတယ်


1.မိမိသိမ်းဆည်းလိုသောနေရာအထိသွားပါ(  4    ဖြင့်ညွှန်ပြထားပါသည်)
2.ဖိုင်အမည်ပေးပါ(  5    ဖြင့်ဖော်ပြထားပါသည်) save as type မှာ ဖိုင် အမျိုးအစားဖြစ်ပါသည် ပြောင်းလဲလိုက ပြောင်းလဲနိုင်သည် အကြောင်းမှာ Microsoft word အခြားသော version များအဖြစ် သမ်းဆည်းခြင်း .pdf အဖြစ်ပုံနှိပ်းခြင်းများပြုလုပ်နိုင်သည်
3.save ကိုကလစ်၍ သိမ်းဆည်းနိုင်ပါပြီ


No comments:

Post a Comment

ပြောလိုသည်များ ကို ပြောစေလိုပါသည်